International Celebrity: ပရိသတ်တစ်ဦးရဲ့အိမ်ကို ကြိုမပြောဘဲသွားလည်တဲ့ ဆယ်လီနာဂိုးမက်

တကယ်ကိုကံကောင်းသွားတဲ့ ပရိသတ်ပါပဲ။

play

 

Revival နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်အဖြစ် သြစတြေးလျကိုရောက်နေတဲ့ ဆယ်လီနာဂိုးမက်က သူမရဲ့ပရိသတ်တစ်ဦးကို အံ့သြပျော်ရွှင်သွားအောင်လုပ်ခဲ့ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် ဆစ်ဒနေမြို့သူလေး ဆိုဖီဆန်ဒါးစ်က ဆယ်လီနာရဲ့ အမာခံပရိသတ်ပါ။ သူမကို KIIS FM က အွန်လိုင်းကနေ အမေးအဖြေလုပ်နေရင်း နောက်ကနေ ရုတ်တရက်ရောက်လာတဲ့ အဆိုတော်မလေးကြောင့် အရမ်းပဲ ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။

play

 

အဲ့ဒီအချိန်မှာ ဆိုဖီက ဆယ်လီနာဂိုးမက်သီချင်းတွေထဲက သူမအကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို အိပ်ခန်းထဲကနေ ဆိုပြနေတာလည်းဖြစ်ပါတယ်။ ဆယ်လီနာဟာ သူမရဲ့ပရိသတ် ဆိုဖီကို ရင်းရင်းနှီးနှီးပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ဆယ်ဖီလည်းအတူရိုက်ခဲ့ကြပါသေးတယ်။

Source : Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ