International Celebrity: ဘောလိဝုဒ်မင်းသား ရှရွတ်ခန် အမေရိကလေဆိပ်မှာထိန်းသိမ်းခံရ

၂၀၁၂ တုန်းကလည်း တစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

play

 

နာမည်ကြီးဘောလိဝုဒ်မင်းသား ရှရွတ်ခန် လော့စ်အန်ဂျလိစ်လေဆိပ်မှာ ယာယီထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ခန်က သူ့ရဲ့တွစ်တာပေါ်မှာ ရေးထားတာပါ။

ဘာကြောင့် ထိန်းသိမ်းခံရတယ်ဆိုတာနဲ့ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံခဲ့ရတယ်ဆိုတာကိုတော့ မင်းသားကြီးက ပြောမထားပါဘူး။ ခန်ဟာ သောကြာနေ့မှာ လော့စ်အန်ဂျလိစ်မြို့ကို လေယာဉ်နဲ့သွားခဲ့တာပါ။

"ကမ္ဘာတစ်ဝန်းက လုံခြုံရေးစစ်ဆေးမှုတွေကို အပြည့်အဝနားလည်လက်ခံပေမဲ့ အမေရိက လူဝင်မှုကြီးကြပ်ရေးမှာ ထိန်းသိမ်းခံရတာကတော့ အရမ်းအရမ်းကို စိတ်ပျက်စရာကောင်းတယ်" လို့ ခန်ရဲ့ တွစ်တာပေါ်မှာ ရေးထားတာတွေ့ရပါတယ်။

play

 

၂၀၁၂ ခုနှစ်တုန်းကလည်း ခန်ဟာ ရေးလ်တက္ကသိုလ်ကို ကိုယ်ပိုင်လေယာဉ်နဲ့သွားခဲ့စဉ်က နယူးယော့ခ်လေဆိပ်မှာ မိနစ် ၉၀ ကြာ ထိန်းသိမ်းစစ်ဆေးခံခဲ့ရလို့ အိန္ဒိယသားတွေ ဒေါပွခဲ့ကြရပါသေးတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ