International Celebrity: ဇေးမောလစ်ပြောတဲ့ ဇေးမောလစ်အကြောင်း

ခုမှပဲဖက်ရှင်ကို စိတ်ကြိုက်ဝတ်ဆင်နိုင်တော့တယ်လို့ ပြောပါတယ်။

play

 

One Direction အဖွဲ့က ထွက်ခွာပြီးနောက် တစ်ကိုယ်တော်လှုပ်ရှားမှုတွေ စတင်နေပြီဖြစ်တဲ့ ဇေးမောလစ်ကို GQ မဂ္ဂဇင်းက အင်တာဗျူးလုပ်ခဲ့ပါတယ်။ ဇေးက သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ အခြားလူနေမှုဘဝပုံစံတွေကို ပြောပြခဲ့ပါတယ်။

သူ့ရဲ့အောင်မြင်မှုတွေဟာ ဘုရားသခင်ကောင်းချီးပေးလို့ ဖြစ်ပေါ်လာရတယ်လို့ ယုံကြည်ကြောင်း ဇေးကပြောပါတယ်။ ဇေးဟာ Giuseppe Zanotti အမှတ်တံဆိပ်ရဲ့ ဖိနပ်ကြော်ငြာကိုလည်း လက်ခံထားပါသေးတယ်။

play

 

ဖက်ရှင်နဲ့ စတိုင်လ်ပါပြောင်းလဲသွားတဲ့အပေါ်မှာတော့ " One Direction ကနေ ထွက်လာပြီးကတည်းက ကိုယ်ဝတ်ချင်တာ လွတ်လွတ်လပ်လပ်ဝတ်ခွင့်ရသွားတယ်" လို့ ဆိုပါတယ်။

play

 

သူ့ရဲ့ချစ်သူ မော်ဒယ်လေး ဂျီဂျီဟက်ဒီးနဲ့အတူ ပွဲတက်တော့ ဇေးက လက်မောင်းမှာ သတ္တုပြားတွေတပ်ပြီး အဆန်းထွင်ခဲ့လို့ လူတွေကဝေဖန်တာခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဇေးကတော့ သူ့ရဲ့အဆန်းထွင်မှုကို သဘောတကျရှိပြီး ကျေနပ်တယ်လို့ ပြောပါတယ်။

ဇေးဟာ အဖွဲ့ကထွက်ခွာပြီးနောက်မှာ Pillow Talk အမည်ရှိ တစ်ကိုယ်တော်သီချင်းတစ်ပုဒ်ကို ဖြန့်ချိထားပြီး မကြာခင်မှာလည်း တစ်ကိုယ်တော်အယ်လ်ဘမ်ထုတ်ဖို့အတွက် ထုတ်လုပ်ရေးနဲ့စာချုပ်ချုပ်ထားပါသေးတယ်။

Source : GQ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ