International Celebrity: ပထမဆုံးအကြိမ် စရိုက်နှစ်မျိုးသရုပ်ဆောင်တော့မယ့် လီမင်ဟို

, updated

ဇာတ်ရုပ်နှစ်မျိုးလုံးက စိတ်ဝင်စားစရာကောင်းပါတယ်။

play

 

SBS ရုပ်သံလိုင်းကရိုက်ကူးမယ့် Legend of the Blue Sea ဒရာမာဇာတ်ကားမှာ လီမင်ဟိုကို စရိုက်နှစ်မျိုးနဲ့ မြင်ရတော့မှာပါ။ လီမင်ဟိုဟာ ဖန်စီ၊ ဒရာမာ၊ အက်ရှင်ကားတွေ စုံအောင်ရိုက်ဖူးပေမယ့် စရိုက်နှစ်မျိုးနဲ့ ပထမဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

play

 

ပထမဇာတ်ကောင်အမည်က ကင်မူဖြစ်ပြီး နောက်ထပ်ဇာတ်ကောင်အမည်က ဟိုဂျွန်ဂျေးဖြစ်ကြောင်း သိရပါတယ်။ ကင်မူကတော့ ချိုဆန်းမင်းဆက်ခေတ် အသွင်အပြင်မျိုးဖြစ်ပြီး ဟိုဂျွန်ဂျေးကတော့ ယနေ့ခေတ် ဥပဒေပညာရှင်၊ ဆရာဝန်၊ စီးပွားရေးသမားနဲ့ စွယ်စုံရနေသူ ဇာတ်ရုပ်မျိုးပါ။ လီမင်ဟိုနဲ့အတူတွဲဖက်ပြီး ဂျွန်ဂျီဟွန်းက ရေသူလေးအဖြစ်သရုပ်ဆောင် ရမှာဖြစ်ပါတယ်။

play
ဂျီဟွန်းကို My Sassy Girl ဇာတ်ရုပ်နဲ့ လူသိများပါတယ်။

 

Legend of the Blue Sea ကို နိုဝင်ဘာလမှာ စတင်ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ