International Celebrity: ခပ်မိုက်မိုက်ကတတ်တဲ့မင်းသမီး ရှာနီ

, updated

ရှာနီဗင်န်ဆန်ဟာ ငယ်စဉ်ကတည်းက အကနဲ့ သရုပ်ဆောင်ခြင်းတွေကို ဝါသနာပါသူ ဖြစ်ပါတယ်။

play


Step Up မင်းသမီးအဖြစ် လူသိများတဲ့ Dancer မော်ဒယ်မင်းသမီးချော ရှာနီဗင်န်ဆန်ဟာ ဆစ်ဒနီမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက အကနဲ့ သရုပ်ဆောင်ခြင်းတွေကို ဝါသနာပါသူ ဖြစ်ပါတယ်။

play


အသက် ၁၇ နှစ်အရွယ်မှာ မိန်းကလေးသုံးယောက် ပါဝင်တဲ့ Foxfire IV ပေါ့ပ်အဆိုတော်အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့ကာ တေးသီချင်းတွေသီဆိုခဲ့ပေမဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

play


သူမဟာ ၂၀၀၄ ခုနှစ်မှာတော့ Home and Away ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို စတင်ရရှိခဲ့ပါတယ်။ ဒီ့နောက်မှာလည်း ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ချို့မှာ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။

play


၂၀၁၀ ခုနှစ်မှာတော့ Step Up 3D ရုပ်ရှင်ဇာတ်ကားကြီးမှာ Natalie ဆိုတဲ့ အကကောင်းတဲ့ မိန်းကလေးအဖြစ် ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိလာပါတယ်။

play


၂၀၁၁ ခုနှစ်မှာတော့ You're Next လူသတ်ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ ရှာနီ် ပါဝင်ထားတဲ့ Bait 3D ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပါတယ်။

play


ညိုညိုစိုစိုအသားအရေနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ရှာနီဟာ ရေကူးကျွမ်းကျင်လွန်းသူလေးလည်းဖြစ်ပြီး အချစ်ရေးမှာ နာမည်ကြီးအချို့နဲ့ တွဲခဲ့ပေမဲ့ အခုထက်ထိတော့ ဘယ်သူနဲ့မှ အတည်တကျ တွဲနေပြီဆိုတဲ့သတင်းမျိုး မကြားရသေးပါဘူး။ Dancer မော်ဒယ်မင်းသမီးချော ရှာနီကို ၁၉၈၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ