play

 

ဂျက်စတင်ဘီဘာဟာ သူနဲ့ ရည်းစားတွေဖြစ်နေတယ်လို့ ယူဆရတဲ့ ဆိုဖီယာရစ်ချီကို အင်စတာဂရမ်က Follower တွေက ဆက်ပြီး အမုန်းစကားတွေပြောနေမယ်ဆိုရင် သူ့အကောင့်ကို ပရိသတ်တွေမမြင်အောင် ပိတ်လိုက်မယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့တစ်ပတ်လုံး တတွဲတွဲဖြစ်နေကြပြီး ပရိသတ်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောဖို့ ဂျက်စတင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

အဲဒီလိုပြောခဲ့ပြီး သြဂုတ်လ ၁၄ ရက်မှာတော့ ဂျေဘီနဲ့ မော်ဒယ်ဆိုဖီယာတို့ကို တိုကျိုမြို့မှာ နှစ်ယောက်အတူ ဈေးဝယ်ထွက်နေတာကို မြင်တွေ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၁၇ နှစ်အရွယ် ဆိုဖီယာရစ်ချီတို့ဟာ လက်တွဲပြီး တိုကျိုမြို့လမ်းမပေါ်မှာ လျှောက်သွားနေခဲ့ကြပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video