International Celebrity: ပြတိုက်ထဲက အသက်ဝင်လာတဲ့ သူရဲကောင်းကြီး

ဝီလျံဟာ များသောအားဖြင့် ဟာသဇာတ်ရုပ်တွေမှာ မကြာခဏ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ဒရာမာ ဇာတ်ကားအချို့မှာလည်း ပါဝင်ခဲ့ပါတယ်။

play


၂၀၁၄ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟောလိဝုဒ်ရဲ့သရုပ်ဆောင်အကောင်းဆုံး ဒရာမာနဲ့ ဟာသမင်းသားကြီး ရော်ဘင်ဝီလျံဟာ ချီကာဂိုမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားဘဝမှာ ပညာသင်ဆုရရှိခဲ့တဲ့အထိ ပညာရေးထူးချွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။

play


၁၉၇၀ နောက်ပိုင်းမှာစတင်ကာ အနုပညာလောကထဲဝင်ရောက်ခဲ့တဲ့ သူ ဟာ ၁၉၈၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Good Morning, Vietnam ရုပ်ရှင်ဇာတ်ကားမှစတင်ကာ နာမည်ကြီးလာခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများစွာမှာ သရုပ်ဆောင် ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။

play


ဝီလျံဟာ များသောအားဖြင့် ဟာသဇာတ်ရုပ်တွေမှာ မကြာခဏ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ဒရာမာ ဇာတ်ကားအချို့မှာလည်း ပါဝင်ခဲ့ပါတယ်။

play


၂၀၀၆ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Night at the Museum ဟာသရုပ်ရှင်ကားကြီးမှာ Theodore Roosevelt ဆိုတဲ့ အမေရိကန် မြင်းစီးစစ်သား သူရဲကောင်းကြီးအဖြစ် သရုပ်ဆောင်ရာမှာ သူ့ကို ပရိသတ်တွေသတိထားမိကာ အားပေးမှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။

play


Night at the Museum ဇာတ်ကား ၃ ကားလုံးမှာလည်း သူပါဝင်ခဲ့ပါတယ်။ The Big Wedding, The Butler, The Face of Love နဲ့ The Angriest Man in Brooklyn ဇာတ်ကားတွေကလည်း ၂၀၁၄ခုနှစ်တွင်း ဝီလျံ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။

play


အနုပညာဆုတံဆိပ်များစွာ ပိုင်ဆိုင်ထားတဲ့ ဝီလျံဟာ ၁၉၇၈ ခုနှစ်မှာ ပထမအိမ်ထောင်ကျခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ ကွဲကွာခဲ့ပါတယ်။ ၁၉၈၉ ကနေ ၂၀၁၀ ခုနှစ်အထိ ဒုတိယအိမ်ထောင်နဲ့အဆင်ပြေခဲ့တဲ့ သူ ဟာ ၂၀၁၁ ခုနှစ်မှာတော့ ဒီဇိုင်နာ ဆူစန်နဲ့ ထပ်မံ လက်ထပ်ခဲ့ပါတယ်။

play


ဝီလျံဟာ ၂၀၁၄ခုနှစ် သြဂုတ် ၁၁ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက်က ၆၃ နှစ် ရှိနေပြီဖြစ်ပြီး လူပင်ပန်း စိတ်ပင်ပန်းမှုဒဏ်တွေကြောင့် ခုလိုသေကြောင်းကြံခဲ့ခြင်းဖြစ်တယ်လို့ ရင်းနှီးသူတွေကဆိုပါတယ်။

play


ဟောလိဝုဒ်ရဲ့သရုပ်ဆောင်အကောင်းဆုံး ဒရာမာနဲ့ ဟာသမင်းသားကြီး ရောင်ဘင်ဝီလျံကို ၁၉၅၁ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ