International Celebrity: ဂျွန်နီဒပ်နဲ့ ရန်ဖြစ်တဲ့ ဗီဒီယိုထွက်လာပြီးနောက် ဒဏ်ရာတွေနဲ့ တွေ့ရတဲ့ အမ်ဘာဟတ်

မေလတုန်းကလည်း ဂျွန်နီဒပ်က အမ်ဘာကို ရိုက်နှက်ခဲ့ဖူးတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

play

 

အမ်ဘာဟတ်ဟာ သြဂုတ်လ ၁၂ ရက်က လော့ဆန်းဂျလိစ်လေဆိပ်ကို ရောက်ရှိလာချိန်မှာ သူမရဲ့ လက်ဖျံတစ်လျှောက် နီရဲနေနဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မြင်တွေ့ရပါတယ်။

play

 

ဂျွန်နီဒပ်ဟာ မီးဖိုခန်းထဲမှာ ဖန်ခွက်နဲ့ ဝိုင်ပုလင်းကို ပစ်ပေါက်နေပုံပါတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းက သူမနဲ့ မဆိုင်ဘူးလို့ ငြင်းဆန်လိုက်တဲ့ အမ်ဘာဟတ်ဟာ လန်ဒန်ကနေ အယ်လ်အေကို ပြန်လာတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲမှာ ဂျွန်နီဒပ်က "ရူးတယ်ဆိုတာဘာလဲ ငါပြမယ်" လို့ပြောပြီး ဗီရိုတံခါးတွေကို ကန်ခဲ့ပါတယ်။

play

 

အမ်ဘာဟတ်ရဲ့အနားကို မကပ်ဖို့ ဂျွန်နီဒပ်ကို တရားရုံးက အမိန့်မထုတ်မီ လပေါင်းများစွာကတည်း အဲဒီဗီဒီယိုကို ရိုက်ကူးထားတာလို့ သိရပါတယ်။

play

 

အသက် ၅၃ နှစ်အရွယ် ဂျွန်နီဒပ်နဲ့ အသက် ၃၀ အရွယ် အမ်ဘာဟတ်တို့ဟာ ၂၀၀၉ ခုနှစ်မှာ ရုပ်ရှင်အတူရိုက်ကြရင်း တွေ့ဆုံခဲ့ကြပြီး လွန်ခဲ့တဲ့ ၁၇ လက လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂျွန်နီဒပ်က သူမကို နှိပ်စက်တယ်လို့ ပြောဆိုပြီး အမ်ဘာဟတ်က မေလ ၂၃ ရက်က ကွာရှင်းခွင့်တောင်းထားပါတယ်။

play

မီးဖိုထဲမှာ ဂျွန်နီဒပ်က အော်ဟစ်ဆဲဆို သောင်းကျန်းထားတဲ့ အဲဒီဗီဒီယိုဖိုင်ဟာ ဖြတ်တောက်ထားတဲ့အပိုင်းတွေရှိနေပြီး အမ်ဘာဟတ်က ပြုံးကာ ဂျွန်နီ့ကို ပြက်ရယ်ပြုနေတဲ့အပိုင်းတွေ ပါမလာခဲ့ဘူးလို့ ဂျွန်နီဒပ်နဲ့ ရင်းနှီးသူများက ဆိုပါတယ်။

Source & Photos : telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ