International Celebrity: အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်

ပရိသတ်ကို အပြစ်ဆိုခဲ့တဲ့ ဂျက်စတင်ဘီဘာကို ဆယ်လီနာက စတင်ဝေဖန်လိုက်တာပါ။

play

 

တစ်ချိန်က အရမ်း ချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ဟာ အခုတော့ ရန်သူတွေအလား ဖြစ်နေကြပါပြီ။

play

 

ဂျက်စတင်ဘီဘာက သူ့ရဲ့ရည်းစား ဆိုဖီယာရစ်ချီကို ပရိသတ်က မုန်းတီးစကားတွေ ပြောလာတဲ့အတွက် သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ပရိသတ်တွေမမြင်အောင် ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးတဲ့နောက် ဆယ်လီနာက ဝေဖန်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

"အမုန်းတရားတွေ မရပ်တန့်ဘူးဆိုရင် ကျွန်တော့်ရဲ့အင်စတာဂရမ်အကောင့်ကို Pirvate လုပ်လိုက်တော့မယ်။ ကျွန်တော့်ပရိသတ်အစစ်အမှန်ဆိုရင် ကျွန်တော် သဘောကျတဲ့သူတွေကို ပြင်းပြင်းထန်ထန်မပြောပါနဲ့" လို့ ဂျေဘီက သူနဲ့ ဆိုဖီယာရစ်ချီ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံအောက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

play

 

"အမုန်းတရားတွေကို လက်မခံနိုင်ဘူးဆိုရင် နင့်ရည်းစားရဲ့ပုံတွေကို မတင်နဲ့လေ။ အဲဒါက နင်တို့နှစ်ယောက်ကြား ကိစ္စပဲ ဖြစ်သင့်တယ်။ ပရိသတ်ကို စိတ်မဆိုးပါနဲ့။ ဘယ်သူမှ နင့်ကို မချစ်ခင်ကတည်းက သူတို့က နင့်ကို ချစ်ခင်ပြီး အားပေးခဲ့ကြတာပါ" လို့ ဆယ်လီနာက ဂျက်စတင်ဘီဘာရဲ့ ဓာတ်ပုံအောက်မှာ ပြန်ပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆယ်လီနာရဲ့မှတ်ချက်အပေါ် ပရိသတ်က နှစ်သက်သဘောကျနေချိန်မှာ ဂျေဘီက နောက်ထပ်ပို့စ်တစ်ခုနဲ့ ပြန်လည်ချေပခဲ့ပြန်ပါတယ်။

play

 

"အာရုံစိုက်တာခံချင်လို့ ကျွန်တော့်ကို အသုံးချတဲ့လူတွေကို မြင်ရတာ ရယ်ရတယ်။ အဲဒီနည်းနဲ့ လက်ညှိုးထိုးဖို့ ကြိုးစားနေတုန်းပဲ။ ဝမ်းနည်းစရာပဲ။ အားလုံးကို ချစ်ပါတယ်" လို့ ဂျေဘီက ရေးသားခဲ့ပါတယ်။

"ကျွန်တော်က အမုန်းတွေကို လက်ခံမယ့်သူမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ခင်ဗျားတို့အချင်းချင်း ယဉ်ကျေးကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ကိုချစ်သူအားလုံးကို ချစ်ပါတယ်" လို့ နောက်ထပ်ပို့စ်တစ်ခုနဲ့ ဂျေဘီက ထပ်မံရေးသားထားပြန်ပါတယ်။

play

 

ဆယ်လီနာဂိုးမက်စ်ကလည်း ပရိသတ်တွေ သူမကို အားပေးနေပုံတွေပါဝင်တဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပြီး သူမအလေးထားဆုံးသူတွေက ပရိသတ်တွေဖြစ်ကြောင်း ပြောကြားကာ ဂျေဘီကို ပြန်ရွဲ့ခဲ့ပြန်ပါတယ်။

play

 

"ကျွန်မဘဝ" လို့ အဲဒီပုံအောက်မှာ သူမက ရေးသားခဲ့ပါတယ်။

"ရှင်တို့သာ အရေးကြီးဆုံးပါ။ နေ့စဉ် ကျွန်မလုပ်ချင်တာကို လုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ဆယ်လီနာက ရေးသားထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ