International Celebrity: အသည်းပုံအတွင်းခံလေးနဲ့ ရီတာအိုရာ

မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ဖို့ ဒီလိုဝတ်ထားတာပါလို့ ဆိုပါတယ်။

play

 

စနေနေ့က ရီတာအိုရာရဲ့ အင်စတာဂရမ်ပေါ်မှာ မြင်ရတဲ့ပုံပါ။ ခပ်ဟော့ဟော့ အဆိုတော်မလေးက ဒီတစ်ကြိမ်မှာလည်း လူတွေစိတ်ဝင်စားအောင် လုပ်လိုက်ပြန်ပါတယ်။

အိမ်အလုပ်တွေ လုပ်တော့မယ့်ပုံစံနဲ့ apron တစ်ထည်ကို ပန်းပွင့်တွေ ဖဲကြိုးတွေတပ်ကာ အမြင်ဆန်းအောင်တန်ဆာဆင်ထားပေမဲ့ တကယ်တမ်းဆန်းတာကတော့ ရီတာပါပဲ။ ဇာအနားတပ် အသားကပ်ခြေအိတ်ကိုဝတ်ထားပါတယ်။

play

 

အဆိုတော်တွေထဲမှာ လှလည်းလှ ဆက်စီလည်းကျတဲ့ ရီတာက ဝတ်ထားတဲ့ဂါဝန်လေးလှန်ကာ အသည်းပုံပါတဲ့ အတွင်းခံလေးကိုလည်း ဖော်လိုက်ပါသေးတယ်။ ယခုဝတ်စုံက LOVE မဂ္ဂဇင်းအတွက် ဝတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Source : Rita Ora Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ