International Celebrity: နှစ် ၁၀၀ သက်တမ်းရှိ သံလွင်ပင်ကို ခုတ်လှဲပစ်လိုက်တဲ့ နီရဲလ်ဟိုရမ်

အိမ်နီးချင်းတွေက ဒေါသထွက်နေကြပါတယ်။

play

 

One Direction အဆိုတော် နီရဲလ်ဟိုရမ်ဟာ အယ်လ်အေက သူ့ရဲ့အိမ်အသစ် အပြင်မှာရှိတဲ့ နှစ် ၁၀၀ သက်တမ်းရှိ သံလွင်ပင်ကြီးကို ခုတ်ထွင်ဖယ်ရှားလိုက်တဲ့အတွက် အိမ်နီးချင်းတွေက ဒေါသထွက်နေကြပါတယ်။

ဟောလိဝုဒ်မှာရှိတဲ့ ဒေါ်လာ ၃ သန်းတန် အိမ်ကြီးကို နီရဲလ် ဝယ်ယူလိုက်ကြောင်း လွန်ခဲ့တဲ့ ၂ ပတ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းမှာ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ ရောဘတ်ပက်တင်ဆန်တို့လည်း နေထိုင်ပါတယ်။

ဒါပေမဲ့ နီရဲလ်က လူတင် ပြောင်းရွှေ့လာတာမဟုတ်ဘဲ လနဲ့ချီကြာအောင် ဆူညံလှစွာ အိမ်ကို ပြင်ဆင်နေတဲ့အတွက် အိမ်နီးချင်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

play

 

ဒါ့အပြင် သမိုင်းဝင်အပင်ကြီးကို ခုတ်လှဲလိုက်ပြန်တဲ့အတွက် အိမ်နီးချင်းတွေ ဒေါသပါ ထွက်ကုန်ကြပါတယ်။

"အဲဒီဆယ်လီတွေက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်ချင်ရာလုပ်ပြီး အနှောင့်အယှက်ပေးကြတယ်" လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ