International Celebrity: ဆံနွယ်ရှည်တွေကို ပလက်တီနမ်အရောင်ပြောင်းလိုက်သူလေး ဆိုဖီတာနား

, updated

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက အရောင်ပြောင်းခဲ့တာဖြစ်ပေမဲ့ ခုမှပဲ လူမြင်ကွင်းထဲထွက်လာတာပါ။

play

 

Game of Thrones မင်းသမီးလေး ဆိုဖီတာနားက သူမရဲ့ဆံနွယ်ရှည်တွေကို ပိုမိုလှပတဲ့အရောင်နဲ့ ပြောင်းလဲလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကတည်းက ဆံပင်တွေကို ဆေးဆိုးလိုက်တာဖြစ်ပေမဲ့ လူမြင်ကွင်းကိုတော့ ထွက်မလာခဲ့ပါဘူး။

play

 

ဆံပင်အနည်းငယ်ရဲ့ပုံကိုသာ အင်စတာဂရမ်ပေါ် တင်ထားခဲ့တာပါ။

play

 

တနင်္ဂနွေနေ့မှာတော့ သူမရဲ့ လှပတဲ့ပလက်တီနမ်ရောင် ဆံကေသာတွေနဲ့ အပြင်ကိုထွက်လာခဲ့ပါပြီ။ အပေါ်အောက် တစ်ဆက်တည်းဝတ်စုံကို ဝတ်ထားပြီး မျက်မှန်လေးတပ်ထားပုံက နွေရာသီဖက်ရှင် ပီသပါတယ်။ ချစ်စရာကောင်းတဲ့ အသက် ၂၀ အရွယ် မင်းသမီးလေးက သူမရဲ့အင်္ကျီအပေါ်ကြယ်သီးတွေကိုတောင် ဖြုတ်ထားလိုက်ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ