AD
AD
AD
play


Supernatural မင်းသားချော ဂျရတ် ပက်ဒလက်ကီဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကျောင်းသားဘဝတုန်းက ပညာတော်သင်ဆုတွေရရှိတဲ့အထိ စာထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သိပ်မထင်ရှားတဲ့ ဇာတ်ကောင်နေရာကသာ သရုပ်ဆောင်ခဲ့ပါတယ်။

play


၂၀၀၅ ခုနှစ်မှာတော့ House of Wax လူသတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာပါ။ ရုပ်ရှင်ဇာတ်ကားတွေထက် ဇာတ်လမ်းတွဲတွေနဲ့ ပိုနာမည်ကြီးတဲ့ ပက်ဒလက်ကီဟာ ၂၀၀၀ ခုနှစ်မှာတော့ Glimore Girls ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ခဲ့ပြီး လူသိများလာခဲ့ပါတယ်။

play


၂၀၀၅ ခုနှစ်မှာတော့ Supernatural ထိတ်လန့်သည်းဖို ဇာတ်လမ်းတွဲမှာ သရဲတစ္ဆေတွေကို တိုက်ခိုက်နှိမ်နင်းတဲ့ ညီအစ်ကိုနှစ်ယောက်ထဲက ညီဖြစ်သူ Sam Winchester အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သူပါ။

play


သူ့ပရိသတ်တွေဆိုရင် နာမည်အရင်းထက် ဆမ်လို့ပဲသိကြပြီး အဲ့ဒီ့ဇာတ်ကောင်နဲ့ လိုက်ဖက်မှု ရှိလွန်းတာကြောင့် အမာခံပရိသတ်အားလုံးက အခုထက်ထိ Supernatural ဇာတ်လမ်းတွဲကို ဇွဲမလျှော့ဘဲ အားပေးလျက်ရှိတုန်းပါပဲ။

play


Supernatural ရုပ်ရှင်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချော Genevieve Cortese နဲ့ ၂၀၁၀ မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး လက်ရှိမှာ သားနှစ်ဦးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

play


သရဲတွေကိုနှိမ်နင်းတဲ့ မင်းသားချော ပက်ဒလက်ကီကို ၁၉၈၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD