International Celebrity: ဓာတ်ပုံအရိုက်မခံဘူးလို့ ပြောခဲ့တဲ့ ဂျက်စတင်ဘီဘာကို လူလည်ကျခဲ့တဲ့ ပရိသတ်

ဘယ်သူ့ကိုမှ ဓာတ်ပုံ အကြွေးတင်မနေဘူးလို့ ဂျေဘီက ပြောခဲ့တာပါ။

play

 

ဓာတ်ပုံအရိုက်ခံရတာ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တစ်ကောင်လို ခံစားရတယ်လို့ ဂျက်စတင်ဘီဘာက အင်စတာဂရမ်ကနေ ပြောခဲ့ဖူးပါတယ်။

"လူတွေ စိတ်ပျက်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်သူ့အပေါ်မှ ဓာတ်ပုံကြွေးတင်မနေဘူးဗျ" လို့ အသက် ၂၂ နှစ်အရွယ် ဂျေဘီက ပြောခဲ့ပါတယ်။

play

 

ပရိသတ်က လက်ဆောင်ပေးတာကို စိတ်ဆိုးမာန်ဆိုးတုံ့ပြန်ခဲ့ခြင်းနဲ့ ပွေ့ဖက်ဖို့ ငြင်းဆန်ခဲ့ခြင်းတို့ကို ဂျက်စတင်ဘီဘာက ပြုလုပ်ခဲ့တာမြင်ရတဲ့အတွက် Belieber (ဂျက်စတင်ဘီဘာကို အသည်းစွဲသူ) တွေဟာ ဂျေဘီ့စကားကို နားထောင်ဖို့ စိတ်ကူးမရှိတာကို မြင်တွေ့ရပါတယ်။

play

 

ဟိုတယ်မှာ ပရိသတ်တွေကို တွေ့ဆုံခွင့်မပေးခဲ့တဲ့ ဂျေဘီကို အဲဒီထဲက ပရိသတ်တစ်ယောက်က ပုံတစ်ပုံတင်ရင်း ဓာတ်ပုံအရိုက်မခံဘူးလို့ ပြောခဲ့တဲ့ ဂျေဘီကို ဗီဒီယိုပဲ ရိုက်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ