International Celebrity: ငယ်တုန်းကချစ်ဖို့ကောင်းပြီး ကြီးလာတော့ ဆက်စီကျလာတဲ့ ဆယ်လီနာ

, updated

ထွက်ရှိခဲ့သမျှ တေးသီချင်းတိုင်းဟာလည်း Billboard စာရင်း မကြာခဏဝင်ခဲ့သလို ပရိသတ်တွေကြားမှာလည်း အမြဲလို အောင်မြင်ခဲ့ပါတယ်။

play


အရင်ကချစ်စရာကောင်းပြီး အခုတော့ ဆက်စီကျကျလှလာတဲ့ အဆိုတော် မင်းသမီးချောလေး ဆယ်လီနာ ဂိုးမက်ဇ်ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက Disney ရဲ့ မင်းသမီးလေးအဖြစ် အနုပညာလုပ်ငန်းတွေ တင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play


အဆိုပိုင်းမှာတော့ Selena Gomez & the Scene ဆိုပြီး တေးသီချင်းသီဆိုမှုတွေ စတင်ခဲ့သူပါ။ သူမဟာ မင်းသမီးအဖြစ်ရော အဆိုတော်အဖြစ်ပါ ပရိသတ်တွေရဲ့ တစ်ခဲနက်လက်ခံအားပေးမှုကို ရရှိခဲ့ပါတယ်။

play


၂၀၁၂ ခုနှစ်မှစတင်ကာ သူမတစ်ကိုယ်တော်အနေနဲ့ Selena Gomez ရယ်လို့သီးသန့် တေးသီချင်းတွေ သီဆိုလာခဲ့ကာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေရော တေးအယ်လ်ဘမ်တွေပါ ထွက်ရှိလာခဲ့ပါတယ်။ ထွက်ရှိခဲ့သမျှ တေးသီချင်းတိုင်းဟာလည်း Billboard စာရင်း မကြာခဏဝင်ခဲ့သလို ပရိသတ်တွေကြားမှာလည်း အမြဲလို အောင်မြင်ခဲ့ပါတယ်။

play


၂၀၁၅ ခုနှစ်မှာလည်း Revival တေးအယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဆယ်လီနာဟာ အဲဒီတေးအယ်လ်ဘမ် ထွက်ရှိပြီးနောက်ပိုင်းမှာတော့ အရင်လို Disney ရဲ့ ချစ်ဖို့ကောင်းပြီး ကလေးဆန်တဲ့ အပြင်အဆင် အမူအရာတွေကို လုံးဝပြောင်းပစ်ကာ ဆက်စီကျကျနဲ့ အရွယ်ရောက်ပြီးတဲ့မိန်းကလေးတစ်ယောက်ရဲ့အလှကို ပရိသတ်တွေအားလုံးကို ပြသခဲ့ပါတယ်။

play


အားလုံးသိထားကြတဲ့အတိုင်းပဲ နာမည်ကြီးအဆိုတော် ဂျက်စတင် ဘီဘာနဲ့ အချိန်တော်တော်ကြာကြာ ချစ်ကြိုးသွယ်ခဲ့တဲ့ သူမဟာ အရင်ကတော့ အဆိုတော်မင်းသားချော နစ်ခ်ဂျိုးနက်စ်နဲ့လည်း တွဲခုတ်ဖူးတယ်လို့ ဆိုပါတယ်။

play


၂၀၁၅ ခုနှစ် အစောပိုင်းမှာတော့ နာမည်ကြီးဒီဂျေသမား ဇက်ဒ်နဲ့ ချစ်ကြိုးသွယ်ခဲ့သေးပေမဲ့ အခုလက်ရှိမှာတော့ ဘယ်သူနဲ့မှ တွဲနေခြင်းမရှိသေးဘဲ ဂျက်စတင်ဘီဘာနဲ့ပဲ ပြန်တွဲတော့မလိုလို သတင်းတွေထွက်နေပြန်ပါတယ်။ ဆက်စီကျကျလှလာတဲ့ အဆိုတော် မင်းသမီးချောလေး ဆယ်လီနာကို ၁၉၉၂ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ