International Celebrity: လူဝီစီယားနားရေဘေးအတွက် ဒေါ်လာတစ်သန်းလှူလိုက်တဲ့ တေလာဆွစ်

သြဂုတ် ၁၂ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သမိုင်းဝင်ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်မှာ ကြုံတွေ့နေတဲ့ ရေဘေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ အဆိုတော် တေလာဆွစ်က ဒေါ်လာတစ်သန်း လှူဒါန်းလိုက်ပါတယ်။

play

 

" 1989 နယ်လှည့်ဖျော်ဖြေပွဲကို ကျွန်မတို့ လူဝီစီယားနားကနေ စတင်ခဲ့တယ်။ အံ့သြချီးကျူးစရာကောင်းတဲ့ ပရိသတ်တွေကြောင့် ကိုယ့်အိမ်လိုပဲ ခံစားခဲ့မိပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ လူဝီစီယားနားကလူတွေဟာ သူတို့ရဲ့အိမ်တွေကိုစွန့်ခွာဖို့ဖြစ်လာတာက စိတ်ထိခိုက်စရာပါပဲ။" လို့ တေလာဆွစ်က ပြောပါတယ်။

play

 

သြဂုတ် ၁၂ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းရာကနေ လူဝီစီယားနားပြည်နယ်မှာ သမိုင်းဝင်ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အိမ်ခြေ ၄၀၀၀၀ ထက်မနည်း ပျက်စီးခဲ့သလို လူပေါင်း ၆၀၀၀၀ ကျော် ဒုက္ခသည်စခန်းကိုရောက်ခဲ့ကြရပါတယ်။

Source : AP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ