AD
AD
AD
play

 

အင်စတာဂရမ်မှာ ပရိသတ်နဲ့ရော ဆယ်လီနာနဲ့ပါ ပြဿနာတွေတက်ပြီးနောက် ဂျက်စတင်ဘီဘာဟာ အင်စတာဂရမ်အကောင့်ကို ဖျက်လိုက်တာ ဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဟာ သူနဲ့တွဲနေတဲ့ ဆိုဖီယာရစ်ချီကို မနှစ်သက်တဲ့ သူ့ရဲ့ပရိသတ်က  ဆိုးဆိုးရွားရွားပြောဆိုနေကြလို့ သူ့ရဲ့အကောင့်ကို ပရိသတ်မမြင်အောင် ပိတ်ပစ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

play

 

ဒါပေမဲ့ အဲဒီပြောကြားချက်အပေါ် ဆယ်လီနာက ပရိသတ်ကို အဲဒီလိုမပြောသင့်ကြောင်း၊ အပြောမခံချင်ရင် ဓာတ်ပုံတွေ မတင်နဲ့လို့ ပြောဆိုခဲ့ပြီးနောက် အင်စတာဂရမ်မှာ အပြန်အလှန်ကွန်မန့်တွေပေးရင်း ရန်ပွဲအသွင်ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဆယ်လီနာက ဂျေဘီကို အကြိမ်ကြိမ်သစ္စာဖောက်ခဲ့သူလို့ စွပ်စွဲသလို ဂျေဘီကလည်း ဆယ်လီနာကို ဇေးမောလစ်ခ်နဲ့ ဖောက်ပြန်တယ်လို့ ပြန်စွပ်စွဲခဲ့ပါတယ်။

play

 

အဲဒီနောက် အင်စတာဂရမ်က ရန်ပွဲကို သည်းခံနိုင်ပုံမရတော့တဲ့ ဂျေဘီဟာ အကောင့်ကို ပရိသတ်မမြင်အောင် ပိတ်ရုံတင်မကတော့ဘဲ လုံးဝကို ဖျက်ပစ်လိုက်ပါပြီ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD