AD
AD
AD
play

 

ဆယ်လီနာဂိုးမက်စ်ဟာ ဂျက်စတင်ဘီဘာ့အပေါ် သူမရဲ့ဝေဖန်ပြောကြားခဲ့မှုတွေအတွက် တောင်းပန်ပေမဲ့ နောက်ကျသွားပုံရပါတယ်။

ဂျက်စတင်ဘီဘာနဲ့ အင်စတာဂရမ်မှာ ရန်အကြီးအကျယ်ဖြစ်ခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁၅ ရက်ညဥ့်နက်ချိန်မှာ Snapchat ကနေ ဆယ်လီနာက တိုပေမဲ့ ထိမိတဲ့ စာလေးတစ်ကြောင်း ရေးခဲ့ပါတယ်။

play

 

"ကျွန်မပြောခဲ့တာတွေက တကိုယ်ကောင်းဆန်ပြီး အကျိုးမရှိတာတွေပဲ" လို့ ဆယ်လီနာက အနက်ရောင်နောက်ခံပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးသားခဲ့ပါတယ်။

play

 

ဂျေဘီက သူ့ရဲ့ရည်းစားသစ် ဆိုဖီယာရစ်ချီနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့ ပြောကြားချက်တွေကို သဘောမကျလို့ မပြောဖို့ ပြောရင်း အင်စတာဂရမ်အကောင့်ကို ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဆယ်လီနာဟာ ဝေဖန်ခဲ့မိရင်း အပြန်အလှန်စကားများခဲ့ကြတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD