International Celebrity: ကိုယ်ပိုင်ဖိနပ်တွေထုတ်လုပ်တော့မယ့် ကေတီပယ်ရီ

ဈေးနှုန်းအနေနဲ့ ၅၉ ဒေါ်လာမှ ၂၉၉ ဒေါ်လာကြား တန်ဖိုးကျသင့်မှာဖြစ်ပါတယ်။

play

 

ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီရဲ့အမည်နဲ့ ဖိနပ်တွေကို မကြာခင် ဝယ်ယူနိုင်တော့မှာပါ။ ဒီဇိုင်းတွေကို သူမကိုယ်တိုင် ပါဝင်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။

play

 

ဂျေလိုနဲ့ ဘက်ခမ်းတို့လို ကမ္ဘာကျော်ဆယ်လီတွေနဲ့ ပူးပေါင်းခဲ့တဲ့ Global Brands Group လုပ်ငန်းစုနဲ့ တေတီပယ်ရီတို့ လက်တွဲပြီး ကေတီပယ်ရီအမည် ဖိနပ်တွေကို ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။ ခြေညှပ်ဖိနပ်ပါး၊ Sneaker နဲ့ ဒေါက်မြင့်ဖိနပ်တွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ၅၉ ဒေါ်လာမှ ၂၉၉ ဒေါ်လာကြား တန်ဖိုးကျသင့်မှာဖြစ်ပြီး ၂၀၁၇ ဆောင်းရာသီမှာ စတင်ဖြန့်ချိမှာပါ။

play

ဒီမတိုင်မီကတည်းက ကေတီပယ်ရီဟာ Katy Kat CoverGirl အမည်နဲ့ အလှကုန်ပစ္စည်းတွေကိုလည်း ထုတ်လုပ်ခဲ့ပြီးပါပြီ။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ