International Celebrity: လက်မစုပ်နေတဲ့ မက်ဒေါနား

အချစ်မဂ္ဂဇင်းကာဗာမှာ ဆက်စီကျတဲ့ စတိုင်နဲ့ မက်ဒေါနားကို မြင်တွေ့ရပါတယ်။

play

 

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ နောက်ဆုံးရိုက်လိုက်တဲ့ မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှာ နုနယ်လှပြီး ဆက်စီကျကျ မြင်တွေ့ရပါတယ်။

ဖက်ရှင်ဓာတ်ပုံဆရာ မာ့အဲလက်စ်ရိုက်ကူးထားတဲ့ပုံမှာ မက်ဒေါနားဟာ လက်မကို စုပ်လို့ ရိုက်ကူးပေးထားတာဖြစ်ပြီး သူမရဲ့မျက်နှာမှာလည်း ဆွဲဆောင်မှုရှိရှိ လှပနေပါတယ်။

play

 

အိပ်ရာပေါ်လှဲအိပ်ရင်း လက်မစုပ်နေတဲ့ မက်ဒေါနားရဲ့ပုံစံဟာ ပြင်ဆင်ခြယ်သမှု သိပ်မရှိဘဲ သဘာဝကျလှပါတယ်။

ရွှေအိုရောင်ဆံပင်တွေက မျက်နှာပေါ် ဖရိုဖရဲကျနေပြီး ခေါင်းအုံးအဖြူပေါ်မှာ အိပ်နေတဲ့ မက်ဒေါနားရဲ့ မျက်နှာသာ မြင်တွေ့ရတဲ့ ကာဗာပုံမှာ သူမရဲ့အကြည့်နဲ့ စတိုင်က အရမ်းကို အသက်ပါလှပြီး ညှို့အားပြင်းနေတာကို မြင်တွေ့ရပါတယ်။

play

 

Source & Photos : Dailly Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ