AD
AD
AD
play

 

ဂျွန်နီဒပ်နဲ့ အမ်ဘာဟတ်တို့ ကွာရှင်းဖို့ကိစ္စ သဘောတူညီမှုရဖို့အတွက် နှစ်ဖက်ရှေ့နေတွေဟာ သုံးလေးရက်ကြာ ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ရပါတယ်။

သြဂုတ်လ ၁၅ ရက်ညမှာတော့ ဂျွန်နီဒပ်က သူ့ရဲ့ဇနီးဟောင်း အမ်ဘာဟတ်ကို ဒေါ်လာ ၁၀ သန်းပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

play

 

ဟောလိဝုဒ်မင်းသားကြီး ဂျွန်နီဒပ်နဲ့ မင်းသမီး အမ်ဘာဟတ်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၁၅ လသာ ကြာခဲ့ပါတယ်။

သူတို့ရဲ့အိမ်ထောင်သက်တမ်းမှာ ချစ်ကြင်နာမှုတွေ ရှိခဲ့သလို မတည်ငြိမ်မှုတွေ ရှိခဲ့ပေမဲ့ တစ်ဦးနဲ့တစ်ဦး နာကျင်စေလိတဲ့ ဆန္ဒတွေ မရှိပါဘူးလို့ Daily Mail ကို ပူးတွဲထုတ်ပြန်ချက်တစ်ခု ပေးခဲ့ပါတယ်။

play

 

"ဂျွန်နီဒပ်နဲ့ အမ်ဘာဟတ်ဟာ သူတို့ရဲ့ကွာရှင်းပြတ်စဲမှုကို သူတို့ဘာသာဖြေရှင်းဖို့ သဘောတူလိုက်ကြပါတယ်။ ကျွန်တော်ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ ချစ်ခင်မှုတွေရှိသလို မတည်ငြိမှ်ုတွေရှိခဲ့ပေမဲ့ အမြဲတမ်း အချစ်နဲ့သာ ချည်နှောင်ခဲ့ပါတယ်လို့ ဆိုထားခဲ့ပါတယ်" လို့ ယင်းထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

"အမ်ဘာက ဂျွန်နီ့ကို အနာဂတ်မှာ သာယာလှပဖို့ တောင်းဆုပြုလိုက်ပါတယ်။ ကွာရှင်းမှုကရတဲ့ ငွေကြေးကို အမ်ဘာက လှူဒါန်းသွားမှာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြန်ကြေညာသွားမှာ မဟုတ်ပါဘူး" လို့လည်း ရေးသားထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD