International Celebrity: ကင်မ်ကေနဲ့ပတ်သက်ပြီး တေလာဆွစ်ဘက်က အပြည့်အဝရပ်တည်တယ်လို့ ကာလီကလော့စ်ပြော

နှစ်ဖက်လုံးနဲ့ ခင်နေပေမယ့် တစ်ဖက်မှာအပြည့်အဝ ရပ်တည်လိုက်ပါတယ်။

play

 

မပြီးနိုင်မစီးနိုင် ဖြစ်နေကြတဲ့ ကင်မ်ကာဒါရှီယန်နဲ့ တေလာဆွစ်တို့ရဲ့ရန်ပွဲမှာ ဘယ်သူ့ဘက်က ရပ်တည်တယ်ဆိုတာကို မော်ဒယ်ကာလီကလော့စ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါပြီ။

play

 

" အရင်တုန်းကတော့ ကင်မ်ကာဒါရှီယန်က ချစ်ဖို့ကောင်းတဲ့လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်" လို့ ကာလီကလော့စ်က Times ကို ပြောကြားခဲ့ပါတယ်။ ဒီစကားအားဖြင့် သူမက ကင်မ်ကာဒါရှီယန်နဲ့ ပေါင်းသင်းဆက်ဆံရေး ရပ်စဲလိုက်ကြောင်းကို ပြသလိုက်တာပါပဲ။

play

 

သြဂုတ် ၁၆ ရက်မှာတော့ ကာလီကလော့စ်ရဲ့ တွစ်တာပေါ်မှာ တေလာဆွစ်နဲ့သူမကြားက ရင်းနှီးမှုအတိုင်းအတာကိုပါ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ သူမနဲ့တေလာဆွစ်ဟာ တစ်ယောက်ဘက်မှာတစ်ယောက် ရပ်တည်ပေးကြတဲ့ ယုံကြည်စိတ်ချရသူတွေဖြစ်တယ်လို့ အသက် ၂၄ နှစ်အရွယ် စူပါမော်ဒယ်က ဆိုပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ