International Celebrity: စိတ်ညစ်တာတွေကို ဝါသနာနဲ့ ဖြေဖျောက်နေတဲ့ ဂျက်စတင်ဘီဘာ

အင်စတာဂရမ်မှာ ပြဿနာတွေဖြစ်ပြီးနောက် ဟော်ကီသွားကစားနေခဲ့တာပါ။

play

 

ဂျက်စတင်ဘီဘာက အင်စတာဂရမ်အကောင့်ကို ဖျက်ပစ်ခဲ့တဲ့အတွက် ပရိသတ်က စိတ်မကောင်းဖြစ်နေပေမဲ့ ဂျေဘီကတော့ သူ့ရဲ့ဝါသနာတစ်ခုဆီမှာ စိတ်ကို နှစ်မြှုပ်ထားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျေဘီဟာ ရေခဲပြင်ဟော်ကီ ချစ်ကြည်ရေးပွဲတစ်ခုမှာ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

play

 

တစ်ဖက်အသင်းက ကစားသမားတစ်ဦးနဲ့ စကားတွေပြောရင်း ပြုံးရွှင်နေတဲ့ ဂျေဘီကို မြင်တွေ့ရပါတယ်။

မကြာသေးခင်ကမှ ဆိုဖီရာရစ်ချီနဲ့ ဂျပန်ကနေ ပြန်လာတဲ့ ဂျေဘီကြည့်ရတာ ခရီးပန်းနေပုံမရဘဲ ပြိုင်ပွဲမှာ စိတ်ပါဝင်စားစွာနဲ့ ကစားနေခဲ့ပါတယ်။

play

 

အင်စတာဂရမ်မှာ ပရိသတ်က သူ့ရဲ့အတွဲသစ် ဆိုဖီရာရစ်ချီကို မနှစ်သက်ကြောင်း ပြောဆိုခဲ့တာကို မနှစ်မြို့နိုင်တဲ့အကြောင်း ဖော်ပြခဲ့တဲ့ ဂျက်စတင်ဘီဘာဟာ အင်စတာဂရမ်မှာပဲ ဆယ်လီနာနဲ့ ရန်ဖြစ်ခဲ့ကြပြီးတဲ့နောက် ဟော်ကီသွားကစားနေတာ ဖြစ်ပြီး အဲဒီနေ့ (သြဂုတ်လ ၁၅ ရက်) ညမှာပဲ သူရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်ပစ်ခဲ့တာပါ။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ