International Celebrity: လှေစီးရင်း ပျော်နေတဲ့ တွမ်ခရုစ်ရဲ့သမီးလေး ဆူရီ

တွမ်ခရုစ်နဲ့ ကေတီဟုမ်းတို့ရဲ့သမီးလေးဟာ တော်တော်လေး အရွယ်ရောက်လာပါပြီ။

play

 

ကမ္ဘာ့နာမည်အကြီးဆုံး ရုပ်ရှင်သရုပ်ဆောင်နှစ်ဦးရဲ့သမီးလေး ဆူရီဟာ နယူးယော့ခ်စီးတီးက ဗဟိုပန်းခြံမှာ မိခင် ကေတီဟုမ်းနဲ့အတူ လှေစီးနေတာကို မြင်တွေ့ရပါတယ်။

ရေကန်ထဲမှာ လှေလှော်နေတဲ့ ၁၀ နှစ်အရွယ်သမီးလေးကို ကေတီဟုမ်းက နောက်ကနေ စောင့်ကြည့်ပေးနေပါတယ်။

play

 

နာမည်ကြီးလှတဲ့ မိဘနှစ်ပါးဖြစ်တဲ့ တွမ်ခရုစ်နဲ့ ကေတီဟုမ်းကြောင့်ရော သူမရဲ့ချစ်စဖွယ်ပုံစံလေးကြောင့်ရော ငယ်စဉ်ကတည်းက ပရိသတ်အချစ်တော်လေးဖြစ်ခဲ့တဲ့  ဆူရီဟာ ခါတိုင်းလိုပဲ ဖက်ရှင်ကျကျလှနေဆဲပါပဲ။

play

 

ပျော့ပျေားလှတဲ့ ရွှေအိုရောင်ဆံပင်လေးပေါ်မှာ ပန်းရောင်ဖဲပွင့်ကြီးကို တပ်ပြီး လှေလှော်ရင်း ရယ်မောပျော်ရွှင်နေတဲ့ ဆူရီလေးရဲ့ပုံစံဟာ အခုထိ ချစ်စရာကောင်းနေတာကို မြင်တွေ့ရပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ