International Celebrity: စူပါမန်းဝတ်စုံသစ်ကို ထုတ်ပြလိုက်တဲ့ ဟင်နရီကဗီးလ်

Justice League မှာ စူပါမန်းပါဝင်ဖို့ သေချာသွားပါပြီ။

play

 

Man of Steel မင်းသားကြီး ဟင်နရီကဗီးလ်က သူ့ရဲ့စူပါမန်းဝတ်စုံသစ်ကို အင်စတာဂရမ်ပေါ်မှာ တင်လိုက်ပါတယ်။ အပြည့်အစုံတော့ မဟုတ်သေးပါဘူး။ အမြည်းသဘောမျိုးနဲ့ ရင်ဘတ်က S သင်္ကေတနေရာကိုပဲ ရိုက်ပြထားတာပါ။ ပုံမှန်ဆိုရင်တော့ အနက်နဲ့အပြာသာ ပေါင်းစပ်ထားတဲ့ စူပါမန်းဝတ်စုံဟာ ကဗီးလ်ရဲ့ပုံထဲမှာတော့ အနက်ရောင်ဖြစ်နေပါတယ်။

play

 

စူပါမန်းဟာ Dawn of Justice မှာ Doomsday နဲ့ တိုက်ခိုက်ရင်း သေဆုံးသွားတဲ့အသွင် ရိုက်ပြခဲ့ပေမယ့် နောက်ထပ်ဇာတ်ကားတွေမှာ ပါလာဦးမယ်ဆိုတာတော့ သေချာသွားပါတယ်။ ရှေ့နှစ်မှာ ပြသမယ့် Justice League မှာတော့ Batman ၊ Wonder Woman ၊ The Flash ၊ Aquaman ၊ Cyborg နဲ့ စူပါမန်းရဲ့ချစ်သူ လူးဝစ္စလိန်းတို့ ပါဝင်မယ့်အကြောင်း ကြေညာထားပေမယ့် စူပါမန်းကိုတော့ နမူနာဗီဒီယိုထဲမှာ ထည့်ပြမထားပါဘူး။

play

 

Man of Steel 2 အနေနဲ့ ဆက်ရိုက်ဖို့ရှိနေတဲ့ ကဗီးလ်ဟာ Justice League မှာ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Source : Henerycavill Instgram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ