International Celebrity: အိမ်တွေ ပြန်ရောင်းရင်း ဒေါ်လာသန်းချီ အမြတ်ရနေတဲ့ ဘက်ခမ်းစုံတွဲ

သူတို့နှစ်ယောက် ပိုင်ဆိုင်ခဲ့တဲ့/ပိုင်ဆိုင်ဆဲဖြစ်တဲ့ အိမ်တွေကို ဈေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ ၁၉၉၆ ခုနှစ်မှာ ပေါင် တစ်သိန်းခွဲတန်အိမ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အိမ်တွေ ဝယ်လိုက်ရောင်းလိုက်လုပ်ရင်း အခုဆိုရင် ပေါင် ၂၅ သန်းတန် အိမ်ကြီးမှာ နေထိုင်နေကြပါပြီ။

ဘက်ခမ်းတို့စုံတွဲ ပိုင်ဆိုင်ခဲ့ကြတဲ့ အိမ်တွေကို စစ်ဆေးကြည့်ရာကနေ သူတို့နှစ်ဦးရဲ့ အမြတ်ငွေတွေ များပြားလှတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၁။ ၁၉၉၆-၁၉၉၉ (စတင်နေထိုင်ခဲ့တဲ့အိမ်)

play

 

အသက် ၂၁ နှစ်အရွယ်မှာ ဘက်ခမ်းဟာ မန်ချက်စတာမှာ ပေါင် တစ်သိန်းခွဲတန်အိမ်ကို ဝယ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိမ်ကြီးမှာ နေထိုင်ရင်း မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမဆုံးရည်းစား ခရစ္စတာကမ့်ပ်ကိုလည်း ပိုးပန်းခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗစ်တိုးရီးယားနဲ့ ချစ်ကြိုက်ခဲ့ပြီး အဲဒီအိမ်ကြီးကို နှစ်ယောက်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

၁၉၉၉ ခုနှစ်မှာ အဲဒီအိမ်ကို ပေါင် ၁၉၀,၀၀၀ နဲ့ ပြန်ရောင်းခဲ့တာဖြစ်တဲ့အတွက် ပေါင် လေးသောင်း အမြတ်ရခဲ့ပါတယ်။

၂။ ၁၉၉၈-၂၀၀၂ (ရှေးဟောင်းအိမ်)

play

 

မန်ချန်စတာကနေ ပြောင်းရွှေ့လာပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ချက်စ်ရှားက Alderley Edge ရွာမှာ ရှေးဟောင်းအိမ်တစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ ပေါင် ၆ သိန်းနဲ့ ပြန်ရောင်းခဲ့တဲ့ အဲဒီအိမ်ကြီးကလည်း ပေါင် ၂၈၃,၀၀၀ အမြတ်ရခဲ့ပါတယ်။

၃။ ၂၀၀၂-၂၀၀၄ (ခြံဝင်းကျယ်နဲ့ အိမ်ကြီး)

play

 

ဗစ်တိုးရီးယားက ရိုမီယိုကို ကိုယ်ဝန်လွယ်ထားစဉ်မှာ အရင်အိမ်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့နေရာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကိုယ်ပိုင် အားကစားခန်းနဲ့ အိမ်တွင်းရေကူးကန်တစ်လုံးပါတဲ့ အဲဒီအိမ်ကြီးမှာ ၂ နှစ်ပဲနေထိုင်ခဲ့ပြီး ပေါင် ၁.၇၅ သန်းနဲ့ ရောင်းချခဲ့ပြီး ပေါင် ငါးသိန်း အမြတ်ရခဲ့ပါတယ်။

၎။ ၁၉၉၉-၂၀၁၅ (ဘက်ခမ်းနန်းတော်)

play

 

ဘက်ခမ်းစုံတွဲဟာ ဟာ့ဖို့ဒ်ရှိုင်းယားမှာ ဒုတိယအကြိမ်အဖြစ် အိမ်တစ်လုံး ဝယ်ခဲ့ပြီး မီဒီယာတွေက အဲဒီအိမ်ကို ဘက်ခမ်းနန်းတော်လို့ ခေါ်ခဲ့ကြပါတယ်။

၂၄ ဧကကျယ်တဲ့ ခြံဝင်းကြီးနဲ့ အိမ်ကို ပေါင် ၁၁.၃၅ သန်းနဲ့ ရောင်းချခဲ့ပြီး ပေါင် ၉  သန်း မြတ်ခဲ့ပါတယ်။

၅။ ၂၀၀၃-၂၀၁၆ (အားလပ်ရက်အပန်းဖြေအိမ်)

play

 

ဘက်ခမ်းဟာ ဘောလုံးကစားရာကနေ အနားယူချင်တဲ့နေရာနဲ့ အပန်းဖြေလိုတဲ့နေရာဖြစ်တဲ့ ပြင်သစ်တောင်ပန်းမှာ အိမ်တစ်လုံး ဝယ်ထားခဲ့ပါတယ်။ စပျစ်ခြံတစ်ခြံပါဝင်တဲ့ ခြံဝင်းထဲမှာအခန်း ၃၄ ခန်းနဲ့ ရေနွေး ရေကူးကန်တစ်ကန်ပါတဲ့  အိမ်ကြီးတစ်လုံးရှိပါတယ်။

ရောင်းဖို့ စီစဉ်နေတဲ့ အဲဒီအိမ်ကြီးဟာ ပေါင် ၂.၄ သန်းတန်တဲ့အတွက် အမြတ်ငွေ ပေါင် ငါးသိန်းရနိုင်ပါတယ်။

၆။ ၂၀၀၇-လက်ရှိ (အယ်လ်အေအိမ်ကြီး)

play

 

လော့ဆန်းဂျလိစ်မှာရှိတဲ့ အိပ်ခန်း ၆ ခန်းပါအိမ်ကြီးဟာ အခုဆိုရင် ပေါင် ၂၄ သန်းတန်နေပြီး ရောင်းမယ်ဆိုရင် အမြတ်ငွေ ပေါင် ၁၃ သန်း ရှိနေပါပြီ။

 

၇။ ၂၀၁၃-လက်ရှိ (လန်ဒန်မိသားစုအိမ်)

play

 

ဘက်ခမ်းမိသားစု ယူကေမှာနေတဲ့အချိန်ဆိုရင် ဟော်လန်ပါ့ခ်က အိပ်ခန်း ၈ ခန်းပါတဲ့ လန်ဒန်အိမ်ကြီးမှာ နေထိုင်ပါတယ်။ အဝတ်လဲခန်း ၂ ခန်းနဲ့ မော်ဒယ်လျှောက်လမ်းပါဝင်တဲ့ အဲဒီအိမ်ကြီးမှာ ကလေးကစားခန်း၊ အားကစားခန်းမ၊ spa ခန်းနဲ့ အလှပြုပြင်ခန်းတစ်ခန်း ပါဝင်ပါတယ်။

ကာလပေါက်ဈေး ပေါင် ၂၅.၂ သန်း တန်နေပြီဖြစ်တဲ့ အဲဒီအိမ်ကြီးဟာ သူတို့ဝယ်တုန်းကဈေးထက် ပေါင် ၃.၈ သန်း ဈေးတက်သွားပါပြီ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ