International Celebrity: ဘော့စတွန်ကလေးဆေးရုံရောက် စူပါဟီးရိုးနှစ်ယောက်

ကပ္ပတိန်ကြီးက သူ့ရဲ့အချိန်တွေကိုဖဲ့ပြီး နာမကျန်းတဲ့ကလေးတွေကိုသွားတွေ့လေ့ရှိသူပါ။

play

 

ကပ္ပတိန်အမေရိကအဖြစ်နဲ့ လူသိများတဲ့ မင်းသားခရစ္စအီဗန်နဲ့ အန်တိုနီမက်ကီတို့ဟာ ဘော့စတွန်ကလေးဆေးရုံကို သွားရောက်ကာ ကလေးတွေကိုအားပေးခဲ့ကြပါတယ်။ အန်တိုနီမက်ကီကလည်း Marvel ရဲ့ Falcon (Sam Wilson) အမည်နဲ့ စူပါဟီးရိုးဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားသူဖြစ်ပါတယ်။

play

 

သြဂုတ် ၁၆ ရက်နေ့မှာတော့ စူပါဟီးရိုးနှစ်ယောက်က MassGeneral ဆေးရုံရှိ ကလေးကုသဆောင်က နာမကျန်းဖြစ်နေတဲ့ ကလေးတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

play

 

ကလေးတွေကို လိုက်လံနှုတ်ဆက်တာ၊ အမှတ်တရဓာတ်ပုံရိုက်တာ၊ လက်မှတ်ရေးပေးတာတွေပြုလုပ်ပေးခဲ့ကြပါတယ်။

play

 

ခရစ္စအီဗန်ဟာ သူ့ရဲ့အချိန်တွေထဲကဖဲ့ပြီး နာမကျန်းဖြစ်နေတဲ့ကလေးတွေကို သွားရောက်တွေ့ဆုံလေ့ရှိသူဖြစ်ပါတယ်။ မနှစ်တုန်းကလည်း သူ့ရဲ့ Captain America ဝတ်စုံကိုဝတ်ဆင်ကာ ခရစ္စပတ်နဲ့အတူ ကလေးတွေထံကိုသွားခဲ့ပါသေးတယ်။

Source : Boston Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ