International Celebrity: လေဒီဂါဂါမင်းသမီးလုပ်မယ့်ရုပ်ရှင်မှာ ဘရက်ဒလေကူးပါးကဒါရိုက်တာလုပ်မယ်

၁၉၃၇ ခုနှစ်က ဂျဲနက်ဂေနော် သရုပ်ဆောင်ခဲ့ပြီး ဆုပေါင်းများစွာရခဲ့တဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။

play

 

A Star Is Born ရုပ်ရှင်ကို လေဒီဂါဂါနဲ့ ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး ဘရက်ဒလေကူးပါးက ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးသွားမယ့်အကြောင်း Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ မင်းသမီးဇာတ်လည်းဖြစ်တာကြောင့် ဂါဂါအတွက် သရုပ်ဆောင်လောကမှာ ပိုပြီးနေရာဖို့ လမ်းစပါပဲ။ ဒါတင်မက ဇာတ်ကားမှာအသုံးပြုဖို့အတွက် သီချင်းအသစ်တွေကိုလည်း ဂါဂါကရေးစပ်သီဆိုသွားဦးမှာဖြစ်ပါတယ်။

play

 

အဆိုကောင်းတဲ့ လေဒီဂါဂါဟာ American Horror Story : Hotel မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုလည်း ရခဲ့ပါတယ်။ ဘရက်ဒလေကူးပါးနဲ့အတူ ပြန်အသက်သွင်းမယ့် A Star Is Born ကိုတော့ ရှေ့နှစ်ဦးပိုင်းမှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။

Source : USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ