International Celebrity: လက်ဖျံအပြည့်ထိုးထားတဲ့ နှင်းဆီပုံတက်တူးကို ဖျက်လိုက်တဲ့ ရီတာအိုရာ

ငှက်မွေးပုံတက်တူးကို ဖုံးအုပ်ဖို့ အဲဒီတက်တူးကို ထိုးခဲ့တာပါ။

play

 

ရီတာအိုရာဟာ သူမရဲ့ ညာလက်ပေါ်က တက်တူးနဲ့ ပတ်သက်ပြီး စိတ်ကူးအမျိုးမျိုး ပြောင်းနေပုံပါပဲ။

play

 

အသက် ၂၅ နှစ်အရွယ် X Factor ဒိုင်ဟာ သူမရဲ့ ညာလက်မှာ ပထမဆုံး ငှက်မွေးပုံတက်တူးထိုးခဲ့ပြီးနောက် နှင်းဆီပုံ တက်တူးနဲ့ ဖုံးအုပ်ခဲ့ပေမဲ့ အခု အဲဒီတက်တူးကိုပါ ဖျက်ပစ်လိုက်ပါပြီ။

play

 

သူမရဲ့ညာလက်ဖျံတစ်ခုလုံး ဖုံးအုပ်လုနီးပါးရှိခဲ့တဲ့ နှင်းဆီတက်တူးကို ဖျက်လိုက်တာ အစက်လေးနည်းနည်းပဲ မြင်ရပါတော့တယ်။

play

 

အဆိုတော် ရီတာအိုရာဟာ သူမထိုးခဲ့တဲ့ နှင်းဆီပုံနဲ့ ငှက်မွေးပုံတက်တူးတို့ကို ထိုးရတဲ့အကြောင်းရင်းကို ဘယ်တုန်းကမှ မပြောပြခဲ့သလို အခုလည်း ဘာကြောင့် ဖျက်ပစ်တယ်ဆိုတာ မသိရပါဘူး။

play

 -

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ