International Celebrity: ကိုရီးယားမဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် မြင်တွေ့ရတဲ့ ဘရွတ်ကလင်းဘက်ခမ်း

Dazed Korea မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံအတွက် ရိုက်ကူးပေးခဲ့တဲ့ပုံတွေပါ။

play

 

ဆယ်ကျော်သက်မလေးတွေကတော့ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့သား ဘရွတ်ကလင်း နောက်ဆုံးရိုက်ကူးခဲ့တဲ့ပုံတွေကို အရူးအမူးနှစ်သက်ကြမှာ အမှန်ပါပဲ။

၂ နှစ်အတွင်းမှာ ဘရွက်ကလင်းရဲ့ အောင်မြင်ကျော်ကြားလာမှုက ကြောက်ခမန်းလိလိပါပဲ။

play

 

လာမယ့် တနင်္လာနေ့မှာ ထွက်ရှိလာမယ့် Dazed Korea မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ဘရွတ်ကလင်းကို တည်ကြည်ခံ့ညားတဲ့ ရုပ်သွင်၊ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ မြင်တွေ့ရပါတယ်။

play

 

ဘရွတ်ကလင်းဟာ သူ့ရဲ့ဓာတ်ပုံတွေထဲက နှစ်ပုံကိုသာ အမြည်းအဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး မဂ္ဂဇင်းထွက်ရှိလာရင်တော့ ဓာတ်ပုံတွေအားလုံး မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ