International Celebrity: ဂျက်စတင်ဘီဘာရဲ့ အင်စတာဂရမ်အရှုပ်တော်ပုံမှာ ကြားညပ်သွားတဲ့ ကိုင်လီဂျန်နာ

အင်စတာဂရမ်မှာ ဘီဘာမရှိတော့လို့ သူမ အဆင့်တက်သွားပြီလို့ ပြောခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

play

 

အင်စတာဂရမ်မှာ ဂျက်စတင်ဘီဘာဟာ သူ့ရည်းစားသစ်ကို မုန်းတဲ့ ပရိသတ်ကို ခြိမ်းခြောက်ပြီး ဆယ်လီနာဂိုးမက်စ်နဲ့လည်း ပြဿနာတက်ပြီးနောက် အကောင့်ပိတ်သွားခြင်းနဲ့ ပတ်သက်ပြီး ကိုင်လီက တွစ်တာမှာ ရေးသားခဲ့ကြောင်း လူတစ်ယောက်က ပြောလာခဲ့တာ ဖြစ်ပါတယ်။

play

 

"အဲဒီတော့ အင်စတာဂရမ်မှာ ကျွန်မက Follower ပဉ္စမမြောက် အများဆုံးသူ ဖြစ်သွားတဲ့ သဘောဖြစ်မယ်" လို့ ရေးသားထားကြောင်း ကိုင်လီရေးသားထားတာကို Screenshot ရိုက်ပြီး အင်စတာဂရမ်မှာ တင်ထားတာ ဖြစ်ပါတယ်။

အခုတော့ အဲဒီပို့စ်ကို ကိုင်လီက ပြန်ဖျက်လိုက်ပြီလို့လည်း ထိုသူက ရေးသားထားပါတယ်။

play

 

အဲဒီစာကို သူမမရေးခဲ့ကြောင်း၊ အတုသာဖြစ်ကြောင်း ကိုင်လီဂျန်နာက အင်စတာဂရမ်မှာ ပြန်ရှင်းခဲ့ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ အင်စတာဂရမ်ပြဿနာဟာ ဒီတစ်ပတ်အတွင်း ပရိသတ်အကြားမှာ ရေပန်းစားနေတာ ဖြစ်ပြီး ဂျေဘီရဲ့ပရိသတ်တွေနဲ့ ဆယ်လီနာရဲ့ ပရိသတ်တွေကြားမှာလည်း အငြင်းပွားဖွယ်ဖြစ်နေခဲ့ပါတယ်။

play

 

ဖြစ်ခဲ့တာတွေအတွက် ဆယ်လီနာက စိတ်မကောင်းဖြစ်နေပြီး ဂျေဘီက ဆယ်လီနာဖုန်းဆက်တာတောင် မကိုင်ဘူးလို့လည်း သိရပါတယ်။

play

 

ရည်းစားဟောင်းနှစ်ယောက်ကြား ရှုပ်ထွေးလှတဲ့ ပြဿနာထဲကို ကိုင်လီဂျန်နာတစ်ယောက် ဝင်ချင်ပုံမရပေမဲ့ ကြားက ပို့စ်အတုဖန်တီးသူ တစ်ယောက်ကြောင့် သူမ စိတ်ရှုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ