AD
AD
AD
play

 

ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွမ်းဟာ ဇန်နဝါရီက ပြုလုပ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲအပြီးကတည်းက တွဲခဲ့ကြတာပါ။

play

 

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အချိန်တိုအတွင်းမှာ အားကောင်းလာခဲ့ပြီး ကေတီပယ်ရီက အော်လန်ဒိုရဲ့သားနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်သလို နှစ်ဖက်မိဘတွေနဲ့လည်း ဆုံတွေ့ခဲ့ကြပါတယ်။

play

 

အော်လန်ဒိုဘလွမ်းဟာ ကေတီပယ်ရီနဲ့ ဘဝတစ်ခုကို အတူတည်ထောင်ကာ ကလေးတွေ လိုချင်နေပြီလို့ အသက် ၃၉ နှစ်အရွယ် မင်းသား အော်လန်ဒိုရဲ့ မိတ်ဆွေတစ်ဦးက သြဂုတ်လ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။

play

 

အော်လန်ဒိုဘလွမ်းက Victoria's Secret မော်ဒယ် မီရန်ဒါကားရ်နဲ့ ၂၀၁၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၃ မှာ ကွဲသွားခဲ့ပါတယ်။

play

 

ကေတီပယ်ရီကတော့ သရုပ်ဆောင် ရက်ဆဲလ်ဘရန်းနဲ့ ၂၀၁၀ အောက်တိုဘာလမှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၃၀ ရက်မှာ ကွာရှင်းခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်သာ ကြာခဲ့တဲ့ အိမ်ထောင်ရေးကြောင့် ကေတီပယ်ရီဟာ အိမ်ထောင်ရေးကို ကြောက်လန့်နေတယ်လို့ သိရပါတယ်။

Source & Photos : Daily  Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD