International Celebrity: မိတ်ကပ်မပါရင် မမှတ်မိတဲ့ အဒဲလ်ရဲ့မျက်နှာ

, updated

ပင်ကိုယ်မျက်နှာကိုတွေ့ရရင် အဒဲလ်လို့ ဘယ်သူကမှသိမှာမဟုတ်ပါဘူး။

play

 

မျက်ခုံးထူထူ မျက်ဝန်းနက်နက်တွေနဲ့ အဆိုတော်အဒဲလ်ကို မိတ်ကပ်တွေမပါဘဲမြင်လိုက်ရရင် အဒဲလ်လို့မှတ်မိဖို့ ခက်ပါလိမ့်မယ်။ အဒဲလ်က သူမရဲ့မိတ်ကပ်မပါတဲ့မျက်နှာကို အင်စတာဂရမ်ပေါ်မှာ ပြသထားပါတယ်။

play

 

ကျန်းမာရေးအခြေအနေကြောင့် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရတဲ့အတွက် အဒဲလ်က ဗီဒီယိုဖိုင်နဲ့ တောင်းပန်ထားတာပါ။ ရက်အနည်းငယ်ကြာအောင် အအေးမိထားတဲ့ဒဏ်ကြောင့် ဖီးနစ်ရှိုးပွဲကို ဖျက်လိုက်ရတာဖြစ်တယ်လို့ သူမကဆိုပါတယ်။ ဗီဒီယိုထဲမှာကြားရတဲ့အတိုင်း အသံအခြေအနေ မကောင်းသေးလို့ သီချင်းဆိုရင်လည်း အဆင်ပြေမှာမဟုတ်တဲ့အတဲ့ အနူးအညွတ်တောင်းပန်တယ်လို့ ပြောထားပါတယ်။

play

ဗီဒီယိုထဲက မိတ်ကပ်ခြယ်သမှုမပါတဲ့ အဒဲလ်ရဲ့ပင်ကိုယ်မျက်နှာကတော့ အဒဲလ်လို့တောင် ယုံဖို့ခက်အောင် ကွာခြားလွန်းနေပါတယ်။

Source : Adele Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ