International Celebrity: နိုင်ငံတကာ မော်ဒယ်လောကရဲ့မိခင်

ဂျစ်ဆဲလ်ဟာ ဖက်ရှင်လောကမှာရော မော်ဒယ်လောကမှာပါ မသိသူမရှိလောက်တဲ့အထိ အောင်မြင်နေရာရလာခဲ့ပြီး နာမည်ကြီးဖက်ရှင်ရှိုးပွဲ တော်တော်များများမှာ မကြာခဏ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။

play


ကမ္ဘာ့ကြေးအကြီးဆုံး မော်ဒယ်လည်းဖြစ် မော်ဒယ်လောကရဲ့နတ်ဘုရားမလို့လည်းတင်စားခေါ်ဝေါ်ကြတဲ့ ဘရာဇီးမော်ဒယ် မင်းသမီးချော ဂျစ်ဆဲလ်ဘန်ချန်ဟာ ၁၉၉၀ ပတ်ဝန်းကျင်မှာ ဘရာဇီးကနေ ကမ္ဘာ့ထိပ်တန်း မော်ဒယ်နေရာရောက်ရှိခဲ့တဲ့ ပထမဆုံးမော်ဒယ် ဖြစ်ပါတယ်။

play


သူမက အခုထက်ထိလည်း မော်ဒယ်လောကမှာ နံပါတ် ၁ နေရာမှာ ရှိနေဆဲလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက မော်ဒယ်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

play


သူမဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာတော့ နာမည်ကြီး Fashion Brand တွေရဲ့ Fashion Show ပွဲတွေမှာ ဆက်တိုက်ဆိုသလို ပါင်ခဲ့ပါတယ်။ Vogue Magazine မှာလည်း မကြာခဏဖော်ပြခြင်းခံလာရပါတယ်။

  play


အရပ် ၅ပေ ၁၁လက်မရှိတဲ့ သူမဟာ ၂၀၀၀ ပြည့်နှစ်မှာတော့ Victoria's Secret ရဲ့ မော်ဒယ်အဖြစ် ပါဝင်ခွင့်ရခဲ့ကာ အဲဒီ့အချိန်ကနေစပြီး ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိလာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Taxi ဟာသအက်ရှင်ရုပ်ရှင်ဇာတ်ကားမှာ ခပ်ဟော့ဟော့ လူဆိုးမလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


ဂျစ်ဆဲလ်ဟာ ဖက်ရှင်လောကမှာရော မော်ဒယ်လောကမှာပါ မသိသူမရှိလောက်တဲ့အထိ အောင်မြင်နေရာရလာခဲ့ပြီး နာမည်ကြီးဖက်ရှင်ရှိုးပွဲ တော်တော်များများမှာ မကြာခဏ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။

play


၂၀၁၅ ခုနှစ် Forbes ကဖော်ပြခဲ့တဲ့ စစ်တမ်းအရ သူမဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၄၄သန်းရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးမော်ဒယ်လည်း ဖြစ်ပါတယ်။

play


၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ အထိ ဟောလိဝုဒ်မင်းသား လီယိုနာဒိုနဲ့ ချစ်ကြိုးသွယ်ခဲ့ပါသေးတယ်။ ၂၀၀၉ခု နှစ်မှာတော့ နာမည်ကြီးအားကစားသမား တွမ်ဘရက်ဒီနဲ့လက်ထပ်ခဲ့ပြီး လက်ရှိမှာ သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီးလီးမော်ဒယ် မင်းသမီးချော ဂျစ်ဆဲလ်ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ