International Celebrity: ဂျွန်နီဒပ်ထံမှရတဲ့ ဒေါ်လာခုနစ်သန်းကို အမ်ဘာဟတ် လှူဒါန်း

အမ်ဘာဟတ်က ဂျွန်နီဒပ်နဲ့ ကွာရှင်းဖို့အတွက် တရားရုံးကိစ္စတွေ ဆောင်ရွက်ခဲ့တာဟာ ငွေကြောင့် မဟုတ်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

play


မင်းသမီး အမ်ဘာဟတ်က မင်းသားကြီး ဂျွန်နီဒပ်ထံမှ ရရှိတဲ့ ကွာရှင်းမှုအတွက် ပေးအပ်တဲ့ အမေရိကန်ဒေါ်လာ ခုနစ်သန်းကို လူမှုရေးနဲ့ ကျန်းမာရေးအတွက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

play


ဂျွန်နီဒပ်ထံမှ ကွာရှင်းမှုအတွက် ရရှိခဲ့တဲ့ ဒေါ်လာခုနစ်သန်းကို အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေး ဆောင်ရွက်နေတဲ့ American Civil Liberties Union အဖွဲ့နဲ့ လော့စ်အိန်ဂျိလိစ် ကလေးဆေးရုံတို့ကို ခွဲဝေလှူဒါန်းလိုက်ကြောင်း အမ်ဘာဟတ်က အတည်ပြု ပြောကြားပါတယ်။

play


အမ်ဘာဟတ်က ဂျွန်နီဒပ်နဲ့ ကွာရှင်းဖို့အတွက် တရားရုံးကိစ္စတွေ ဆောင်ရွက်ခဲ့တာဟာ ငွေကြောင့် မဟုတ်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ အသက် ၃၀ အရွယ် အမ်ဘာဟတ်နဲ့ အသက် ၅၃ နှစ်အရွယ် ဂျွန်နီဒပ်တို့ဟာ  သြဂုတ် ၁၆ ရက်က ကွာရှင်းပြတ်စဲမှုအတွက် သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ဂျွန်နီဒပ်က အမ်ဘာဟတ်ကို ကွာရှင်းမှုအတွက် အမေရိကန်ဒေါ်လာ ခုနစ်သန်း ပေးရန် သဘောတူခဲ့ပါတယ်။ ဂျွန်နီဒပ်နဲ့ အမ်ဘာဟတ်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၁၅ လသာ ကြာခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ