International Celebrity: ရည်းစားသစ်ကို ကားပေါ်ခေါ်တင်လိုက်တဲ့ ကန်ဒဲလ်

သူငယ်ချင်းအဆင့်ကနေ တစ်ဆင့်တက်ကာ ရည်းစားတွေဖြစ်သွားကြတာပါ။

play

 

ကန်ဒဲလ်ဂျန်နာက သူမရဲ့ရည်းစားသစ် ရပ်ပ်အဆိုတော် A$AP Rocky နဲ့ အပြင်ထွက်တော့ သူမကိုယ်တိုင်ပဲ ကားမောင်းခဲ့ပါတယ်။

play

 

ဗုဒ္ဓဟူးညက ကန်ဒဲလ်ရဲ့ အဖြူရောင် ဖရာရီကားပေါ်မှာ အသက် ၂၇ နှစ်အရွယ် A$AP Rocky က အခန့်သားလိုက်လာတာကို တွေ့ရတာပါ။ ကန်ဒဲလ်က အနက်ရောင် ကြိုးတစ်လုံးဘလောက်စ်ကို ဂျင်းဘောင်းဘီတိုနဲ့ တွဲဖက်ဝတ်ဆင်ထားကာ ကားကိုသက်တောင့်သက်သာပဲ မောင်းနိုင်ခဲ့ပါတယ်။

play

 

A$AP Rocky နဲ့ ကန်ဒဲလ်တို့ဟာ ဇွန်လတုန်းက ပါရီမှာ ညစာအတူစားခဲ့ကြစဉ် သတင်းတွေစထွက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လော့စ်အန်ဂျလိစ်မြို့ထဲမှာ ပါတီအတူနွှဲခဲ့ပေမဲ့ ထိုစဉ်က သူငယ်ချင်းအဆင့်သာရှိကြပါသေးတယ်။ ခုတော့ တကယ့်ချစ်သူတွေ ဖြစ်သွားကြပါပြီ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ