International Celebrity: မီးဖွားပြီးနောက် ပထမဆုံးအကြိမ်ပွဲတက်တဲ့ အမ်မလီဘလန့်ရဲ့ဖက်ရှင်

ခင်ပွန်းဖြစ်သူရဲ့ဇာတ်ကားအထူးပွဲကို တက်ရောက်ခဲ့တာပါ။

play

 

ဇူလိုင်လကမှ ဒုတိယမြောက်သမီးငယ်ကို မွေးဖွားခဲ့တဲ့ အမ်မလီဘလန့်ဟာ မယုံနိုင်လောက်အောင် လှပတင့်တယ်စွာနဲ့ ပွဲလမ်းတွေကိုတက်ရောက်နေပါပြီ။ နယူးယော့ခ်မှာပြုလုပ်တဲ့ The Hollars ဇာတ်ကားအထူးပွဲကို ခင်ပွန်းသည်နဲ့အတူ တက်ရောက်လာတာပါ။

play

 

ဒီဇာတ်ကားထဲမှာ ဂျွန် ကရက်စင်စကီက အဓိကဇာတ်ကောင် John Hollar အဖြစ်နဲ့ ပါဝင်ထားရုံသာမက ဒါရိုက်တာအဖြစ်နဲ့လည်း ရိုက်ကူးပေးထားပါတယ်။

play

 

ခင်ပွန်းသည်ရဲ့ပွဲ ဖြစ်တာကြောင့် အမ်မလီဘလန့်က လှလှပပလေး ဝတ်ထားတာကို တွေ့ရမှာပါ။ အဖြူရောင် အနားတွန့်ဂါဝန်လေးကို အမ်မလီနဲ့တစ်သားတည်းကျနေသလို သူမကလည်း ကလေးမွေးပြီးတာ တစ်လသာကြာသေးတယ်လို့ မထင်ရလောက်အောင် လှနေခဲ့ပါတယ်။

Source : USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ