International Celebrity: ဘရာဇီးမော်ဒယ်ရဲ့ အလန်းစား ကမ်းခြေမင်္ဂလာဝတ်စုံ

အစ္စဘယ်လီရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ဆန်းသစ်လှတဲ့ ဇာလွှာသတို့သမီးဝတ်စုံက ကမ်းခြေနဲ့လိုက်ဖက်နေတယ်လို့ ဆိုရမှာပါ။

play


ဘရာဇီးမော်ဒယ် အစ္စဘယ်လီ ဖောင်တာနာရဲ့ ထွင်းဖောက်မြင်နေရတဲ့ သတို့သမီးဝတ်စုံနဲ့ ကမ်းခြေမင်္ဂလာပွဲ ဆင်နွှဲခဲ့တဲ့ ဓာတ်ပုံတွေက အွန်လိုင်းမှာ ရေပန်းစားနေပါတယ်။

play


ဘရာဇီးမော်ဒယ် အစ္စဘယ်လီနဲ့ အဆိုတော် ဒီယေဂိုဖာရီရိုတို့ရဲ့ မင်္ဂလာပွဲကို မော်လ်ဒိုက်ကမ်းခြေမှာ သြဂုတ် ၉ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play


ကမ်းခြေမင်္ဂလာပွဲမှာ မော်ဒယ်အစ္စဘယ်လီ ဝတ်ဆင်လာတဲ့ သတို့သမီးဝတ်စုံက ပရိသတ်တွေအတွက် မှင်သက် ငေးမောချင်စရာပါပဲ။

play


အစ္စဘယ်လီက ထွင်းဖောက်မြင်နေရတဲ့ ဇာလွှာပေါ်မှာ သစ်ခက်ပုံစံတွေနဲ့ အလှဆင်ထားတဲ့ သတို့သမီးဝတ်စုံနဲ့အတူ မင်္ဂလာပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

play


မော်ဒယ်အစ္စဘယ်လီရဲ့ ထွင်းဖောက်မြင်နေရတဲ့ သတို့သမီးဝတ်စုံကို ဘရာဇီး ကမ်းခြေဝတ်စုံ ဒီဇိုင်းကုမ္ပဏီက ဖန်တီးပေးခဲ့တာပါ။

play


သတို့သမီးဝတ်စုံ ဂါဝန်ရှည်ကို ဇာဖြင့်သာ ဖန်တီးထားပြီး ရင်သား၊ ပခုံးနဲ့ ဂါဝန်ရှည်ရဲ့အောက်ခြနေရာတွေမှာတော့ သစ်ခက်ပုံစံတွေနဲ့ အလှဆင်ထားတာ တွေ့ရပါတယ်။

play


အစ္စဘယ်လီရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ဆန်းသစ်လှတဲ့ ဇာလွှာသတို့သမီးဝတ်စုံက ကမ်းခြေနဲ့လိုက်ဖက်နေတယ်လို့ ဆိုရမှာပါ။ မော်ဒယ်အစ္စဘယ်လီနဲ့ အဆိုတော် ဒီယေဂိုဖာရီရိုတို့ဟာ ၂၀၁၃ ခုနှစ်က တွေ့ဆုံခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ