play

 

လူငယ်စုံတွဲတွေထဲမှာ ချစ်ဖို့ကောင်းပြီး လိုက်ဖက်ညီတဲ့ ဇေးမောစ်နဲ့ဂျီဂျီဟက်ဒီးတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြင်နာဖေးမကြသူတွေပါ။ ပြီးခဲ့တဲ့ဇွန်လတုန်းက စိတ်ဆိုးပြီး ခဏတာအဆက်ပြတ်သွားကြပေမဲ့ ပြန်အဆင်ပြေသွားတော့ တတွဲတွဲနဲ့ မခွဲကြတော့ပြန်ပါဘူး။

play

 

ယခုလည်း တဟီတီကျွန်းကိုသွားပြီး အပန်းဖြေနေကြပါတယ်။ လူရှင်းတဲ့နေရာမှာ နှစ်ယောက်တည်း အေးအေးလူလူ ကယက်လှေလေးလှော်ပြီး အနားယူနေတဲ့ပုံတွေလည်း ထွက်ပေါ်လာပါတယ်။

play

 

ဂျီဂျီက လိမ္မော်နဲ့အဝါစပ် ကြိုးတစ်ချောင်းဘီကီနီလေးကိုဝတ်ထားပြီး ဇေးကလည်း လိမ္မော်ရောင်ဘောင်းဘီလေးကိုဝတ်ထားပုံက အရောင်တူဖက်ရှင်ကိုရွေးသလားလို့တောင် ထင်ရပါတယ်။

play

 

ဂျီဂျီကတော့ သူမတို့နှစ်ယောက်ရဲ့ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ တင်မထားပါဘူး။ တစ်ယောက်တည်းပုံလေးကိုပဲ အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video