International Celebrity: ငါးနှစ်လောက် ဆံပင်တုတပ်ခဲ့ရတယ်လို့ ကီရာနိုက်တလေထုတ်ပြော

, updated

သူမရဲ့လျှို့ဝှက်ချက်ကို ဘယ်သူမှမသိခဲ့ကြပါဘူး။

play

 

အသက် ၃၁ နှစ်ရှိ ဟောလိဝုဒ်မင်းသမီးက လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဆံပင်တုနဲ့နေခဲ့ရတယ်လို့ သူမရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ရိုက်ကူးသမျှ ရုပ်ရှင်တိုင်းမှာ သူမရဲ့ဆံပင်တွေက အတုတွေချည်းတပ်ထားတာပါတဲ့။

play

 

ဆံပင်တွေကို ရုပ်ရှင်ကားတွေအလိုက် တစ်ရောင်ပြီးတစ်ရောင် ဆေးဆိုးတာများသွားရာကနေ ဆံပင်အရမ်းကျွတ်လာတာကြောင့် ဆံပင်တုတပ်ခဲ့ရတယ်လို့ သူမကဆိုပါတယ်။ ဒါပေမဲ့ လက်ရှိဆံပင်က အတုလား အစစ်လားဆိုတာကိုတော့ ထုတ်ပြောမသွားပါဘူး။

play

 

မူလက သူမရဲ့ဆံပင်ဟာ ပါးပြီးလှိုင်းတွန့်တွေရှိပေမဲ့ ကလေးရချိန်မှာတော့ ၁၀ ဆလောက် ပိုပြီးထူထဲလာခဲ့တယ်လို့လည်း သူမကပြောပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ