International Celebrity: ဒေါ်လာ ၁၃ သိန်းကျော်တန် မာစီးဒီးကားကြီးနဲ့ ဘရွတ်ကလင်းဘက်ခမ်း

ဒီနှစ်ထဲမှာမှ ယာဉ်မောင်းလိုင်စင်ရတဲ့ ဘရွတ်ကလင်းရဲ့ တတိယမြောက်ကားဖြစ်ပါတယ်။

play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ ဒီနှစ်အစောပိုင်းမှာ ယာဉ်မောင်းလိုင်စင်ရရှိခဲ့ပြီးနောက် ဒေါ်လာ ၅ သောင်းတန် မာစီးဒီး

စီကလပ်စ်ကားနဲ့ ဒေါ်လာ လေးသောင်းခွဲကျော်တန် ဂျစ်ကားတစ်စီးကို ဝယ်စီးပြီးပါပြီ။

အခုလည်း ဘရွတ်ကလင်းဟာ နောက်ထပ် တန်ဖိုးကြီးကားတစ်စီးကို မောင်းနေတာ မြင်တွေ့ရပါတယ်။

ဖခင်ဖြစ်သူ ဒေးဗစ်ဘက်ခမ်းလိုပဲ ကားတွေကြိုက်ပုံရတဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းကို သူငယ်ချင်းမလေးတစ်ဦးနဲ့အတူ

ဘာဗလီဟေးစ်က ဆီဆိုင်တစ်ဆိုင်မှာ ဒေါ်လာ ၁၃ သိန်းကျော်တန်  Mercedes-Benz GL 63 AMG ကားကြီးကို ဆီဖြည့်နေပါတယ်။

play

 

နာမည်ကြီးမိဘတွေဖြစ်တဲ့ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်တို့ထက် အဝတ်အစားဝတ်တာ ရိုးရှင်းတဲ့ ဘရွတ်ကလင်းဟာ ပန်းရောင် ခေါင်းစွပ်

အားကစားအင်္ကျီနဲ့ ငွေရောင် အားကစားဘောင်းဘီအကျပ်ကို တွဲဖက်ဝတ်ဆင်ထားပါတယ်။

ဒေါ်လာ သန်းနဲ့ချီ ချမ်းသာတဲ့ မိဘနှစ်ပါးက ဘရွတ်ကလင်းကို ကားများစွာ ပေးစီးနိုင်ပေမဲ့ Honor 8 ဖုန်းရဲ့ အမှတ်တံဆိပ်သံတမန်ဖြစ်တဲ့

ဘရွတ်ကလင်းဟာ သူမောင်းနေတဲ့ ကားတွေကို သူကိုယ်တိုင်ဝယ်ထားပုံရပါတယ်။

play
အခုလ အစောပိုင်းက ညီဖြစ်သူ ရိုမီယိုကို တင်ပြီး ဒေါ်လာ ၄ သောင်းခွဲကျော်တန် ဂျစ်ကားကြီးကို လော့ဆန်းဂျလိစ်မြို့မှာ လျှောက်မောင်းခဲ့ပါသေးတယ်။

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ