International Celebrity: မော်တော်ဆိုင်ကယ်ကြီးနဲ့ လန်းနေတဲ့ ဂျော့ဂ်ျကလွန်နီတို့စုံတွဲ

နှစ်ယောက်စလုံးက လူငယ်လေးတွေလို အလန်းစားဖြစ်နေပါတယ်။

play

 

ဂျော့ဂ်ျကလွန်နီတို့စုံတွဲကို တည်ကြည်ခန့်ငြားတဲ့ပုံစံတွေနဲ့ပဲ မြင်တွေ့နေကျဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၅၅ နှစ်အရွယ် ဂျော့ဂ်ျနဲ့ ဇနီး အမ်မယ်လ်တို့ဟာ သြဂုတ်လ ၁၉ ရက်မှာ ပေါ့ပေါ့ပါးပါးစတိုင်နဲ့ လော့ဆန်းဂျလိစ်မြို့အနှံ့ ဆိုင်ကယ်စီးနေကြပါတယ်။

play

 

ဂျော့ဂ်ျဟာ အပြာရောင် ပိုလိုရှပ်၊ ဂျင်းဘောင်းဘီနဲ့ ဟဲလ်မတ်အပြာရောင်ကို ဆောင်းလို့ သူ့ရဲ့ အသက် ၃၈ နှစ်အရွယ် ဇနီးချောကို အနက်ရောင် Harley Davidson ကြီးပေါ်တင်ပြီး ဆိုင်ကယ်အတူစီးခဲ့ပါတယ်။

play

 

အမြဲတမ်း အိနြေ္ဒရရဝတ်ဆင်တတ်တဲ့ အမ်မယ်လ်တောင် အပြာရောင် တီရှပ်အကျပ်နဲ့ ဒူးပြဲဂျင်းဘောင်းဘီကို ဝတ်ထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ