AD
AD
AD
play

 

ဂျက်စတင်ဘီဘာဟာ ရည်းစားသစ် ဆိုဖီယာရစ်ချီအတွက် သူ့ရဲ့ပရိသတ်နဲ့ ရည်းစားဟောင်း ဆယ်လီနာဂိုးမက်စ်တို့နဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး

အင်စတာဂရမ်အကောင့်ကို ပိတ်ပစ်ခဲ့တာ မကြာသေးပါဘူး။

play

 

ဒါပေမဲ့ ဆိုဖီယာရစ်ချီက သူနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ လော့ဆန်းဂျလိစ်မှာ ရှိနေစဉ်မှာ ဂျေဘီက လန်ဒန်မှာ ဆံပင်ရွှေအိုရောင်ပိုင်ရှင် မိန်းမချောလေးတစ်ဦးနဲ့ ကလပ်အတူ တက်ခဲ့ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် ဂျေဘီကို သြဂုတ်လ ၂ဝ ရက်၊ မနက် ၄ နာရီဝန်းကျင်မှာ အဲဒီမိန်းကလေးနဲ့ Tape နိုက်ကလပ်ထဲက ထွက်လာပြီး တက္ကစီပေါ်အတူတက်သွားတာ မြင်လိုက်ရတာပါ။

play

 

သူတို့နှစ်ယောက်ကြည့်ရတာ နည်းနည်းရှက်နေပြီး မျက်နှာတွေကို လက်နဲ့ ကာကွယ်ဖို့ ကြိုးစားကာ တက္ကစီပေါ် အမြန်တက်သွားကြပါတယ်။

ဂျေဘီက V Festival မှာ ဖျော်ဖြေဖို့ လန်ဒန်ကို ရောက်နေတာဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD