International Celebrity: အကြိုက်မတူတဲ့ ကင်မ်၊ ကလိုဝီနဲ့ ကန်ဒဲလ်

ကင်မ်စားတဲ့ ပုံစံအတိုင်းမစားနိုင်ဘူးလို့ ကလိုဝီက ပြောပါတယ်။

play

 

ကလိုဝီကာဒါရှီယန်က သူတို့ နာမည်ကြီးညီအစ်မတွေရဲ့စားသောက်ပုံ လုံးဝကွဲပြားတဲ့ အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

အခုတလော ပိန်သွယ်သွားပြီး ကိုယ်လုံးအရမ်းလှလာတဲ့ ကလိုဝီကာဒါရှီယန်ဟာ သူတို့ညီအစ်မတွေရဲ့ စားသောက်မှုပုံစံတွေကို စိတ်ပျက်ကြောင်းနဲ့ အားလုံးနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်ကို ရွေးရတာ အရမ်းခက်တဲ့အကြောင်း သူမရဲ့ဝက်ဘ်ဆိုဒ်မှာ ဝန်ခံပြောကြားခဲ့တာပါ။

play

 

နို့နဲ့ အသားပဲစားပြီး သကြားနဲ့ ကစီဓာတ်ပါတာတွေ လုံးဝမစားတဲ့ ကင်မ်ကာဒါရှီလိုသာ စားရရင် သူမ တစ်ရက်တော်င အသက်ရှင်မှာ မဟုတ်ဘူးလို့ ကလိုဝီက ဆိုပါတယ်။

"ကျွန်မက အချိုအရမ်းကြိုက်ပြီး အနီရောင်အသားနဲ့ နို့ကို မကြိုက်ဘူး" လို့ ကလိုဝီက ပြောပါတယ်။

play

 

ညီအစ်မတွေထဲမှာ အပိန်သွယ်ဆုံးဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာကတော့ ဘာဂါနဲ့ ပီဇာတွေ ကြိုက်သူဖြစ်နေတာ အံ့သြစရာပါပဲ။

"ကန်နီ(ကန်ဒဲလ်) က မော်ဒယ်နဲ့မတူအောင် စားတာ လူတွေသိတော့ အရမ်းအံ့သြကြတယ်။ သူက ဘာဂါနဲ့ ပီဇာကို အရမ်းကြိုက်တာ။ ကျွန်မ အစားအသောက်မရှောင်ချင်တဲ့နေ့ဆိုရင် ကန်ဒဲလ်နဲ့ အဆင်ပြေတယ်" လို့လည်း ကလိုဝီက ပြောခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ