International Celebrity: စီဒီဖွင့်ပြီး စင်ပေါ်မှာ သီချင်းဆိုဟန်ပြသွားတဲ့ ဂျက်စတင်ဘီဘာကို ပရိသတ်စိတ်ပျက်ခဲ့

လန်ဒန်က V Festival မှာ ဖျော်ဖြေခဲ့တာပါ။

play

 

လန်ဒန်မှာ ပြုလုပ်တဲ့ V Festival မှာ ပြီးခဲ့တဲ့ စနေနေ့ (သြဂုတ်လ ၂၀) ရက်က ဂျက်စတင်ဘီဘာဟာ သီချင်းတကယ်မဆိုဘဲ စီဒီဖွင့်ပြီး ဖျော်ဖြေသွားတယ်လို့ ပရိသတ်က စွပ်စွပ်ခဲ့ပါတယ်။

play

 

"ကျွန်တော် နည်းနည်း အရက်နာကျနေတယ်။ ကျွန်တော် မလိမ်ပါဘူး" လို့ ဂျေဘီက သူ သိပ်နေမကောင်းကြောင်း စင်ပေါ်ကနေ ဝန်ခံသွားခဲ့ပါတယ်။

ဒါပေမဲ့ ဂျေဘီက သီချင်းတကယ်မဆိုတဲ့အတွက် ပရိသတ်က အရမ်းကို စိတ်ပျက်ခဲ့ရပါတယ်။

play

 

"ကျွန်မ ဂျက်စတင်ဘီဘာကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ဒီည သူက သီချင်းဆိုဟန်ဆောင်ပြသွားတယ်။ မမိုက်ဘူး" လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play

 

"ဂျက်စတင်ဘီဘာက V Fest မှာ သီချင်းဆိုဟန်ဆောင်သွားတယ်။ စီဒီဖွင့်ပြပြီး စတိတ်စင်ပေါ်မှာ ပြေးနေတာကို ကြည့်ဆိုရင် ပေါင် ၈၀ (ဒေါ်လာ ၁၀၀ ကျော်) မပေးဘူး" လို့ တခြားတစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ