International Celebrity: လူးဝစ်ဟမ်မင်တန်မဟုတ်တဲ့အခြားလူထံ အချစ်တွေပုံအပ်လိုက်တဲ့နစ်ကိုး

ပြိုင်ကားမောင်းချန်ပီယံကလည်း ဘဝမှာ ကားကပထမပါပဲလို့ ဆိုပါတယ်။

play

 

အဆိုတော် နစ်ကိုးရှာဇင်ဂါဟာ ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟမ်မင်တန်နဲ့ လမ်းခွဲလိုက်ပြီး တစ်နှစ်အကြာမှာ အချစ်သစ်တွေ့သွားပါပြီ။ ဒီတစ်ခါတွဲနေသူကတော့ အသက် ၂၅ နှစ်အရွယ် တင်းနစ်သမား ဂရီဂေါ် ဒီမီထရော့ဗ်ပါ။ ဟမ်မင်တန်နဲ့ပြတ်ပြီးကတည်းက ပိုပြီးပျော်ရွှင်နေရတယ်လို့ သူမက ပြောပါတယ်။

play

 

ဒီမီထရော့ဗ်က လူကောင်းတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေအဖို့ ယောက်ျားကောင်းနဲ့တွဲရတာ သိပ်ကိုကောင်းပါတယ်လို့လည်း Fabulous မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ လူးဝစ်ဟမ်မင်တန်နဲ့ ပတ်သက်လို့ကတော့ အတိတ်ကိုအတိတ်မှာသာ ထားရှိလိုက်တော့မယ်လို့ အသက် ၃၈ နှစ်အရွယ် Pussycat Doll အဖွဲ့ဝင်ဟောင်း အဆိုတော်မမကြီးက ပြောပါတယ်။

play

 

နစ်ကိုးရဲ့ လက်ရှိရည်းစား ဒီမီထရော့ဗ်ဟာ တင်းနစ်မယ် မာရီယာရှရာဗိုပါနဲ့ ကြိုက်ခဲ့ဖူးပါတယ်။ ရှာရာဗိုပါနဲ့ကွဲပြီးနောက်မှာတော့ နစ်ကိုးနဲ့ချစ်ကြိုးသွယ်မိတာပါ။

Source : Fabulous

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ