International Celebrity: ကလိုဝီရဲ့စွဲမက်ဖွယ်ကောက်ကြောင်းရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ဖျော်ရည်တစ်ခွက်

သူမသောက်တဲ့ ဖျော်ရည်မှာ ပါဝင်ပစ္စည်း ၁၁ ခုရှိတယ်လို့ ကလိုဝီကဆိုပါတယ်။

play

 

ကလိုဝီကာဒါရှီယန်ဟာ သူမရဲ့ ကောက်ကြောင်းအလှကြောင့် နာမည်ကြီးသူဖြစ်ပြီး အခုတလောမှာ ဝိတ်ကျလို့ ပိုလိုတောင် လှလာတာကို မြင်တွေ့ရပါတယ်။

play

အသက် ၃၂ နှစ်အရွယ် ကလိုဝီဟာ ကျန်းမာရေးကောင်းစေဖို့အတွက် သူမအမြဲသောက်တဲ့ အရာတစ်ခုကို ပြောပြခဲ့ပါတယ်။

play

 

အရောင်မျိုးစုံနဲ့ အလွှာအထပ်ထပ်လုပ်ထားတဲ့ smoothie ကို သူမကြိုက်ကြောင်း ပြောပေမဲ့ ခါတိုင်းလို ၄-၅ မျိုး မဟုတ်ဘဲ ပစ္စည်း ၁၁ မျိး ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။

play

 

သူမရဲ့ ညီအစ်မတွေရဲ့ အစားအစာ စားသောက်ပုံကို ပြောကြားခဲ့တဲ့ ကလိုဝီဟာ အခု သူမအမြဲ စွဲစွဲမြဲမြဲသောက်တဲ့ ဖျော်ရည်အကြောင်း ပြောပြခဲ့တာပါ။

play

 

အဲဒီဖျော်ရည်ထဲမှာ ငှက်ပျောသီး၊ ဒိန်ချဉ်၊ ဗနီလာ၊ ရက်စ်ဗယ်ရီ၊ စတော်ဘယ်ရီ၊ နို့၊ မက်မွန်သီး၊ လိမ္မော်သီး၊ သရက်သီး၊ ဒေါက်ခွရွက်၊ နာနတ်သီးနဲ့ ဘယ်ရီသီးမျိုးစုံ ပါဝင်တယ်လို့ သိရပါတယ်။

ကလိုဝီက အားလုံးကို အတုံးသေးသေးလေးတွေ တုံးပြီး မွှေစက်ထဲမှာ မွှေကာ တစ်ထပ်ချင်းထည့်လိုက်တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ