International Celebrity: အဒဲလ်ရှိုးပွဲကို ကောင်လေးတစ်ယောက်နဲ့အတူ သွားကြည့်တဲ့ ဆိုဖီယာရစ်ချီ

ဆိုဖီယာရစ်ချီဟာ ဂျက်စတင်ဘီဘာရဲ့ချစ်သူလို့ လတ်တလောနာမည်ထွက်နေတဲ့ မော်ဒယ်ပါ။

play

 

ဂျက်စတင်ဘီဘာက လန်ဒန်မှာ မော်ဒယ်တစ်ယောက်နဲ့ တွဲနေချိန်မှာ သူ့ရဲ့ရည်းစား ဆိုဖီယာရစ်ချီကလည်း လော့ဆန်းဂျလိစ်မှာ ကောင်လေးတစ်ယောက်နဲ့အတူ အဒဲလ်ရှိုးပွဲကို သွားကြည့်ခဲ့ကြပါတယ်။

play

 

ဆိုဖီယာရစ်ချီဟာ သြဂတ်လ ၂၁ ရက် တနင်္ဂနွေနေ့ညမှာ အဒဲလ်ရဲ့ရှိုးပွဲကို သွားကြည့်ပြီး Snapchat ကနေလည်း ပုံတွေအများအပြား တင်ခဲ့ပါတယ်။

play

 

အနက်ရောင် ဂါဝန်ပါးလေးကို အားကစားဘရာ၊ စနီကာတို့နဲ့ တွဲဖက်ဝတ်ဆင် ထားတဲ့ဆိုဖီယာဟာ ရှိုးပွဲကျင်းပရာ Staples Center ထဲကို အရပ်ရှည်ရှည် အမျိုးသားတစ်ဦးနဲ့အတူ ဝင်သွားခဲ့ပါတယ်။

play
ဂျေဘီနဲ့ ဆိုဖီယာ

 

သြဂုတ်လ ၂၄ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်မယ့် ဆိုဖီယာက အဒဲလ်ရှိုးသွားကြည့်ရင်း မွေးနေ့ကို စောစောစီးစီးကျင်းပလိုက်ပုံပါပဲ။

play
လန်ဒန်မှာ မော်ဒယ်တစ်ယောက်နဲ့တွဲနေတဲ့ ဂျေဘီ

 

Source & Photos: eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ