International Celebrity: ရည်းစားဟောင်းနဲ့ပြန်တွဲနေတဲ့ အမ်မာစတုန်း

ပြတ်သွားတာ ၁၀ လလောက် ကြာနေပါပြီ။

play

 

လွန်ခဲ့တဲ့ ၁၀ လက လမ်းခွဲခဲ့ကြတဲ့ အမ်မာစတုန်းနဲ့အန်ဒရူးဂါဖီးလ်တို့ကို တနင်္ဂနွေနေ့က အတူတွဲသွားတာ မြင်လိုက်ရပါတယ်။

play

 

သရုပ်ဆောင်စုံတွဲဟာ လန်ဒန်က Covent Garden မှာ ပြုံးရွှင်ရယ်မောစွာနဲ့ အတူတွဲသွားခဲ့ကြတာဖြစ်ပါတယ်။ အမ်မာက ဘောင်းဘီပွပွနဲ့ ဘလောက်စ်တစ်ထည်ကိုဝတ်ထားပြီး အပေါ်မှာ ဂျင်းဂျက်ကတ်တစ်ထည်ကို ထပ်ဝတ်ထားပါတယ်။ ဘောင်းဘီအိတ်ထဲကို လက်လေးနှစ်ဖက်ထည့်ထားကာ အန်ဒရူးနဲ့ စကားတွေပြောရင်း လမ်းလျှောက်ခဲ့ကြတာပါ။

play

 

အမ်မာစတုန်းနဲ့အန်ဒရူးဂါဖီးလ်တို့ဟာ ၂၀၁၁ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ပြီး လေးနှစ်အကြာ ယမန်နှစ် အောက်တိုဘာမှာ လမ်းခွဲခဲ့ကြတာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ