International Celebrity: လေကြမ်းတဲ့ ကမ်းခြေမှာ ဓာတ်ပုံရိုက်နေရတဲ့ မီရန်ဒါကားရ်

တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်နေပေမဲ့ သူမကတော့ အပြုံးမပျက်ခဲ့ပါဘူး။

play

 

Snapchat ပူးတွဲတည်ထောင်သူ အဗင်စပီးဂဲလ်နဲ့ ပြီးခဲ့တဲ့လက စေ့စပ်လိုက်တဲ့ စူပါမော်ဒယ် မီရန်ဒါကားရ်ဟာ မာလီဘူးကမ်းခြေမှာ ဓာတ်ပုံရိုက်ကူးနေတာ ဖြစ်ပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ် Victoria's Secret မော်ဒယ်ဟာ ဂါဝန်ရှည်ကြီး ဝတ်ထားပေမဲ့ လေပြင်းကြောင့် အတွင်းက ဝတ်ထားတဲ့ ဘီကီနီ ရွှေရောင်လေးကို အတိုင်းသား မြင်တွေ့နေရပါတယ်။

play

 

အော်လန်ဒိုဘလွမ်းရဲ့ ဇနီးဟောင်း မီရန်ဒါဟာ ဓာတ်ပုံရိုက်ရတာ အခက်အခဲတွေရှိနေပေမဲ့လည်း အမြဲတမ်း ပြုံးပျော်နေတာ မြင်ရတဲ့အတွက် စိတ်ရွှင်လန်းနေပုံရပါတယ်။

play

 

ကလေးတစ်ယောက်မိခင်ဖြစ်ပေမဲ့လည်း ပါးချိုင့်လေးနှစ်ဖက်နဲ့ သူမဟာ ဆယ်ကျော်သက်လေးလို လှပနေတုန်းပါပဲ။

မီရန်ဒါကားရ်သူ သူမရဲ့ချစ်စဖွယ် ခွေးလေးကိတောင် ကမ်းခြေကို ခေါ်ဆောင်လာခဲ့ပြီး သူမဓာတ်ပုံရိုက်နေချိန်မှာ ခွေးလေးက သူမဘေးမှာ အမြဲကပ်ပါနေခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ